^ 2 ^

1.5K 255 50
                                    

#Zawgyi


အထက်တန်းကျောင်းသားဘဝကတည်းက
ညနေခင်းအချိန်ရတိုင်း ဟန်မြစ်ကိုလာနေကြပင်...

စက်ဘီးလည်းစီးဖြစ်သလို ရေပြင်ကျယ်ကြီးအားကြည့်ရင်း
ရောက်တတ်ရာရာတို့ကို တွေးတတ်မြဲ..

ဒါကြောင့်....မရောက်တာကြာပြီဖြစ်တဲ့ ဟန်မြစ်သို့
သွားရန်ဆုံးဖြတ်ကာ ထွက်လာခဲ့ခြင်းပင်...
သူရောက်ပြီးမကြာ တဖြေးဖြေးနဲ့ လူတေများလာတာမို့
မေးကြည့်တော့ မီးပန်းလွှတ်ဖို့ရှိသည်ဆိုပဲ

အေးအေးဆေးဆေးနေချင်တဲ့ သူ့အတွက် အခုလို
လူတေရှုပ်နေခြင်းက အဆင်မပြေသည်မို့ ပြန်ရန်ဆုံးဖြတ်ကာ ထွက်လာခဲ့တော့ တစ်နေရာအရောက် သူ့အားရှေ့တည့်တည့်မှ
ဝင်တိုက်သည့် လူတစ်ယောက်

တိုက်မိသည့်အရှိန်ကများတာမို့ နှစ်ယောက်သား
ထပ်လျက်လဲကျသွားရသည်....နှုတ်ခမ်းပေါ်ကနွေးကနဲ
ခံစားချက်ကြောင့် ကြည့်မိတော့...နှစ်ဦးသားရဲ့
နှုတ်ခမ်းတေက ထိကပ်နေလေရဲ့...
ဘယ်လိုတောင် အကျိုးနည်းတာ!...

ထိုစဉ်ကောင်းကင်ပေါ်မှ လင်းလက်သွားသည့်
မီးရောင်တို့မှ အလင်းရောင်ကြောင့်
မျက်နှာလေးကို အနီးကပ် ရှင်းလင်းစွာ မြင်တွေ့လိုက်ရတော့....နောက်ကွယ်က မီးပန်းတို့ရဲ့အရောင်ထက်

ပိုတောက်ပပြီး ဝိုင်းစက်နေတဲ့ မျက်ဝန်းအစုံလေးက
တစ်စုံတစ်ယောက်နဲ့ သိပ်ကိုဆင်တူလွန်းပါသည်.....
သူမှမပြောရင် ဖယ်မည့်ပုံ မပေါ်တာမို့

" အပေါ်ကနေ ဖယ်ပေးဦးလေ "

အတွေးတို့ဖြင့် သူကြောင်အနေရာမှ အောက်ကလူရဲ့
ခပ်အေးအေးစကားသံကြောင့်သတိဝင်လာရပြီး
အမြန်ဖယ်ပေးကာ

" တောင်းပန်ပါတယ်ဗျ....ကလေးကို တိုက်မိမှာဆိုးလို့
ရှောင်လိုက်တာ "

ခေါင်းငုံ့ရင်းတောင်းပန်စကားဆိုနေပေမဲ့
တစ်ဖက်လူက ဘာမှမပြောလာတာကြောင့်
မော့ကြည့်မိတော့
မျက်ခုံးနှစ်ခုက တွန့်ချိုးလျက် အေးစက်စက် အကြည့်နဲ့
ကြည့်နေတဲ့ ထိုလူ

နောက် သူအားဘာစကားမှမဆိုပါပဲ ထွက်သွားတဲ့
ထိုလူရဲ့ကျောပြင်အားကြည့်ရင်း
မှတ်ချက်ပေးမိတာက...မာနကြီးလွန်းသည်

My Secretary KimWhere stories live. Discover now