^ 4 ^

1.4K 241 31
                                    

#Zawgyi

ညစာစားပွဲတွင် ကင်ဆော့ဂျင် တော်တော်လေး
ပွဲဆူတေပြီ ဖြစ်သည် အနည်းငယ်လည်း ရေချိန်ကိုက်ချင်နေပေပြီ

အကုန်လုံးက ဝိုင်းတိုက်လို့သောက်ရတဲ့အပြင်
ပုလင်းလှည့်ပြီး ဂိမ်းကစားရာကနေ
သူကြည့်ပဲ ရှုံးလို့သောက်နေရတော့ ပိုဆိုး...

မက်ဂျူ နဲ့ ဆိုဂျူ ရောထားတာမို့ သူ့ရဲ့ limitကို
ကျော်သွားပြီးဖြစ်သည်....မင်ယွန်းဂီကတော့
ကြွက်တွင်း....ဘယ်လောက်သောက်သောက် မမူး...

CEO မတက်ပေမဲ့လည်း...အတွင်းရေးမှူးဖြစ်တဲ့သူရယ်
နောက် ဒုCEO ဖြစ်တဲ့ JeonJungKookကတက်ပေးတာမို့
အကုန်လုံးကပျော်နေကြသည်.....ပျော်ဆို

ဒုCEO Jeon က သဘောကောင်းတဲ့အပြင်
ဝန်ထမ်းတေနဲ့လည်း လိုက်လျောညီထွေနေတတ်ပြီး
ဖန်ဂေါ်လီလို ဝိုင်းစက်​နေတဲ့မျက်လုံး လှလှ​လေးနဲ့ Bunny smile​လေးကြောင့်ဝန် ထမ်းတေကြားနာမည်ကြီးသူပင်.....

သူနဲ့ဆို ကျောင်းက စီနီယာ ဂျူ နီယာဆက်ဆံရေးဖြစ်တာမို့
ရင်းနှီးတာထက်...သူငယ်ချင်းတေလို့ပင်ဆိုရမည်....
နောက်ပြီး...ဂျွန်ဂျောင်ကုဆိုတဲ့ ဂျူ ဂျူ ဗလလေးက
ကျောင်းတတ်စဉ်ကတည်းက သူ့ရဲ့ပြောမနာဆိုမနာ
ရေခဲတုံးကြီးကို ကြိတ်ခွက်နေသူလေးလည်းဖြစ်ပါသေး
သည်...

" ကင်ဆော့ဂျင်.....တော်တော့...မင်းများနေပြီ အိမ်ကိုလေးဘက်ထောက်ပြန်နေရမယ်  "

" အဟဲ....မင်းကလည်း ရပါ​သေးတယ်ကွာငါသောက်ဦးမယ် လေးဘက်ထောက်ပြန်စရာလား..မင်းလိုက်ပို့မှာပဲဟာ "

" လိတောင် လိုက်မပို့ဘူး...လမ်းဘေးထားခဲ့မှာ "

" မင်းကွာ.... အေ့...ရတယ် ဂျောင်.ဂျောင်ဂုကီး...ဟျောင်းကို
ပြန်လိုက်ပို့ပေးနော် "

" အဟား...လိုက်ပို့ပါမယ်ဗျာ...... "

မင်းယွန်းဂီ စိတ်ပျက်စွာခေါင်းခါလိုက်မိသည်....
လိုက်ပို့မဲ့သူကဖြင့်...မူးနေပြီးတော့..
မူးတယ်ဆိုမှ ထူးဆန်းတယ်
သူ့တို့ CEO Jeon ကသောက်နိုင်တဲ့သူပါ..
အခုကြ မူးနေတော့ ထူးတော့ထူးသား

တခြားသူတေကတော့ စကားပြောလိုက်
သောက်လိုက်နဲ့ မြူးကြွနေပေမဲ့
သူကတော့ အသားကင်ကောက်ဝါးရင်းသာ
နေနေလိုက်သည်....ဒီနေ့အတွက် သောက်ဖို့
စိတ်မပါတာကြောင့် သိပ်မသောက်ဖြစ်

My Secretary KimOpowieści tętniące życiem. Odkryj je teraz