Ch-1

9K 1.4K 141
                                    

Unicode

ထီးနန်းပလ္လင်ကို နေ့တိုင်းလာလုနေတဲ့ မြေခွေးမိစ္ဆာလေး။

ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးရှိခဲ့တယ်တဲ့။

ဘုရင်ကြီးဟာ အမဲလိုက်သွားတုန်း မြေခွေးလေးတစ်ကောင်ကို တွေ့ခဲ့တယ်။ လေးကပစ်ဖို့အသင့်ဖြစ်နေတာကို မြေခွေးလေးမြင်တဲ့အခါမှာ အလှလေးတစ်ယောက်အဖြစ် အမြန်အသွင်ပြောင်းပစ်လိုက်လေတယ်။

မြေခွေးလေးရဲ့ ပြစ်မျိုးမှဲ့မထင်အလှဟာ မောင်းမဆောင်ထဲက သုံးထောင်သောမိန်းမလှတွေထက်တောင် သာလွန်နေခဲ့တယ်။

ဒီလိုနဲ့ ဘုရင်ကြီးရဲ့စိတ်အခြေအနေဟာ သက်ဝင်လှုပ်ရှားလာခဲ့လေတယ်။

~~~~~~~

ဘုရင်ကြီးဟာ မှူးမတ်တွေရဲ့ သတိပေးချက်တွေကို ဂရုမစိုက်ဘဲ အလှလေးအဖြစ်ပြောင်းလဲသွားတဲ့ မြေခွေးလေးကို နန်းတော်ထဲကို ခေါ်ဆောင်လာခဲ့ပြီး တော်ဝင်ကြင်ယာတော်ဘွဲ့ အပ်နှင်းခဲ့လေတယ်။ အဲဒီအချိန်ကစလို့ ဘုရင်ကြီးဟာ မြေခွေးမိစ္ဆာမလေးကိုသာ အရေးပေးပြီး ကျန်တဲ့မိန်းမတွေကိုတော့ လှည့်တောင်မကြည့်တော့လေဘူး။

မကြာခင်မှာပဲ မြေခွေးမိစ္ဆာမလေးဟာ ကိုယ်ဝန်ရှိလာပြီး ကလေးတစ်ယောက်ကို ဖွားမြင်ခဲ့လေတယ်။ ဘယ်လိုပဲကြည့်ကြည့် အဲဒါမြေခွေးပေါက်လေးပဲ။

ဘုရင်ကြီးက အခုမှမွေးဖွားလာတဲ့ မြေခွေးပေါက်လေးကို ချီလိုက်ပြီး ချစ်ခင်မှုအပြည့်နဲ့ ပြောလိုက်တယ်။
"မင်းသားလေးကိုကြည့်ပါဦး သူက ကိုယ်တော်နဲ့ တော်တော်တူတာပဲ"

ဘုရင်ကြီးအား နှစ်နှစ်ဆယ်ထက်မနည်း အလုပ်အကျွေးပြုခဲ့တဲ့ ကုန်းကုန်းကြီး - "......."

အရှင်မင်းကြီးကတော့ အချစ်မှာလုံးဝကျရှုံးနေပြီပဲ...

ဘုရင်ကြီးက သက်ပြင်းကို လေးပင်စွာချလိုက်ပြီး.....
"ဒီမျက်ခုံးတွေကလည်း ကိုယ်တော့်ဆီကယူပြီး ပုံတူကူးထားသလိုပါပဲလား..."

ကုန်းကုန်းကြီးက လည်ပင်းရှည်ပြီး အနှီးထုပ်ထဲက မြေခွေးပေါက်လေးကို လှမ်းကြည့်လိုက်တယ်။

နန်းပလ္လင်ကိုနေ့တိုင်းလာလုနေတဲ့မြေခွေးမိစ္ဆာလေး (ဘာသာပြန်)Where stories live. Discover now