Ch-3

7.9K 1.5K 161
                                    

Unicode

မြေခွေးလေးက တော်ဝင်နန်းတော်ထဲကို ပြန်သွားခဲ့တယ်။ နန်းတော်ဝင်ပေါက်ကို ရောက်တဲ့အခါမှာ မြေခွေးလေးက ပုံရိပ်ယောင်အတတ်ကို သုံးလိုက်တယ်။ အစောင့်တွေက သူ့ကိုမမြင်နိုင်တော့လေဘူး။

ဒီလိုနဲ့ မြေခွေးလေးဟာ တစ်လမ်းလုံး ပုံရိပ်ယောင်အတတ်ကိုသာ သုံးလာခဲ့ပြီး တော်ဝင်နန်းတော်ထဲကို လွယ်လွယ်ကူကူ ဝင်ရောက်လာခဲ့တယ်။ သူ တော်ဝင်စာကြည့်ဆောင်ကို သွားလိုက်တော့ သဝဏ်လွှာတွေဖတ်ရှုနေတဲ့ ဘုရင်ကြီးကို‌မြင်လိုက်ရတယ်။

ဘုရင်ကြီးက တောင်လိုပုံနေတဲ့ သဝဏ်လွှာတွေအပေါ်ကနေ လှမ်းကျော်ကြည့်လိုက်ပြီး...
"ဘယ်သူလဲ?!"

မြေခွေးလေးဟာ အလွန်တရာချောမောခန့်ညားတဲ့ ကောကောကိုကြည့်လိုက်ပြီး မတော်တဆ ကြောက်လန့်တကြားနဲ့ ဖြားယောင်းသွေးဆောင်ခြင်းအတတ်ကို သုံးလိုက်မိလေတယ်။

ဘုရင်ကြီး - ".....မင်း ကိုယ်တော့်ကို ဘာလို့မျက်စိလာမှိတ်ပြနေတာလဲ?"

မြေခွေးလေးက သတ္တိမွေးပြီး မေးလိုက်တယ်။
"မင်းက အခုလက်ရှိဘုရင်လား?"

ဘုရင်ကြီးက ချောမော့ခန့်ညားမှုတွေအပြည့်နဲ့ အသာအယာပြုံးလိုက်တယ်။
"ဒါပေါ့"

မြေခွေးလေး - "ငါ့အမေကပြောတယ် မင်းရဲ့နန်းပလ္လင်က ငါ့ဟာဖြစ်သင့်တာတဲ့ ငါ့ကိုပြန်ပေး"

ဘုရင်ကြီးက တစ်ခဏလောက် ချင့်ချိန်တွေးတောလိုက်ပြီး....
"ကိုယ်တော်သိပြီ မင်းကမြေခွေးမင်းသားလေးပဲ"

မြေခွေးလေးက အမြီးတွေထွက်မနေတာ သေချာအောင်လို့ သူ့ဖင်ကိုစမ်းကြည့်လိုက်တယ်။ ပြီးမှ ယုံကြည်ချက်ရှိရှိနဲ့ ပြောလိုက်လေတယ်။
"ငါအခု လူဖြစ်နေပြီ"

ဘုရင်ကြီး - "ဒါဆိုရင် ကိုယ်တော်ကမင်းကို တစ်ဝမ်းကွဲညီတော်လို့ ခေါ်သင့်တာပေါ့"

မြေခွေးလေးက ဖြောင့်မတ်တဲ့ပုံစံနဲ့ ပြောလိုက်တယ်။
"မလိုပါဘူး၊ ငါ့ကို အမေတစ်ယောက်တည်းက မွေးထားတာ၊ ငါက ငါ့အဖေနဲ့ သွေးသားမတော်စပ်ဘူး"

ဘုရင်ကြီး - ".........."

မြေခွေးလေးက လက်ညှိုးတစ်ချောင်းထောင်ပြီး သူ့နှုတ်ခမ်းကိုဖိကပ်ကာ ပြောလိုက်လေတယ်။
"ရှူးးးး တခြားသူတွေကို မပြောနဲ့နော်"

နန်းပလ္လင်ကိုနေ့တိုင်းလာလုနေတဲ့မြေခွေးမိစ္ဆာလေး (ဘာသာပြန်)Where stories live. Discover now