Part 2

2.5K 277 45
                                    


Unicode

Dance Battleပြိုင်နေတုန်း တစ်ယောက်ယောက်စိုက်ကြည့်နေသလိုခံစားရတာကြောင့် မျက်လုံးကစားမိတော့ သွားပြီဟိုဘဲကြီး ဟိုနေ့ညကဘဲကြီး လူကသာမူးနေတာ သူ့မျက်နှာကိုတော့မှတ်မိနေတယ် သောက်ရမ်းချောတာကို ချောတာချောတာဘဲ ဒါပေမယ့်ဘဲကြီးကိုမုန်းတယ်နော် သူကဘယ်လိုလုပ်ဒီရောက်နေတာလဲ ဘဲကြီးအကြည့်တွေကြောင့် ကကွက်တွေမှားပြီး Battleမှာရှုံးရောဘဲ သောက်ရာဇဝင်ရိုင်းတယ် ဒါပထမဆုံးရှုံးဖူးတာဘဲ ကောင်းကျိုးမပေးတဲ့ဘဲကြီး တွေ့မယ်ငါ့နဲ့ ဝိုင်းအုံနေတဲ့လူအုပ်ထဲက ဘဲကြီးလက်ကိုစွဲပြီး လမ်းကြားလေးထဲရောက်မှ ဆောင့်လွတ်ပေးလိုက်တယ် မကျေနပ်ဘူးဘဲကြီးကို

"ဘဲကြီး ခများကြောင့်ကျွန်တော်ရှုံးသွားတာ မြင်လား ဘာလို့ကျွန်တော့်နောက်လိုက်လာတာလဲ "

"ကိုယ်လိုက်မလာပါဘူး လမ်းမှာလူတေစုနေတာတွေ့လို့ဝင်ကြည့်ယုံဘဲ ချာတိတ်ဘာသာချာတိတ် ရှုံးတာလေ"

"ခများကြီး ကြည့်​နေလို့လေ"

"ကိုယ်ကဒီအတိုင်းကြည့်တာလေ"

"တောက်...ဒီဘဲကြီးနဲ့တော့ ဘာကိစ္စလိုက်လာတာလဲပြော"

"ကိုယ်လိုက်မလာပါဘူးဆို လမ်းကြုံလို့ဆုံသွားတာ"

"အာ့တာဆိုလဲသွားပြီဗျာ"

"နေဦး"

"ဘာကျန်သေးလို့လဲ"

"ကိုယ့်ကိုအရော်ပေးရဦးမယ်လေ"

"ဘယ်လောက်လဲ"

"1M Won"

"ဘာ........ခများအင်္ကျီကဘာမို့လို့ ကျုပ်ကအဲ့လောက်ရော်ရမှာလဲ"

"နာမည်ကြီးDesignerဆီကိုယ်တိုင်Customizedလုပ်ထားတာ"

"ကြီးကြီးကျယ်ကျယ်တွေ အခုတော့အဲ့ဒီလောက်မပါသေးဘူး နောက်မှယူ"

"ကိုယ်ကအခုလိုချင်တာ"

"အဲ့လောက်ပိုက်ဆံ အခုဘယ်လိုလုပ်ပါမှာလဲ"

"ပြီးရောလေ အာ့ဒါဆိုကိုယ့်ကိုတောင်းပန်"

"ဘာကိစ္စတောင်းပန်ရမှာလဲ"

"မတောင်းပန်ရင် အခုရော်"

"တောင်းလဲမတောင်းပန်နိုင်ဘူး အခုလဲမရော်နိုင်ဘူးဗျာ"

BAL GYI Where stories live. Discover now