Part 11

1.9K 244 32
                                    


Unicode

ကားပေါ်ရောက်သည်အထိ ဘဲကြီးနဲ့စကားမပြောသေးဘူး ဒီဘဲကြီးဘာအထာလဲ Hoseokနားတဖြည်းကပ်လာပြီး Hoseokမျက်နှာနား ဘဲကြီးမျက်နာနီးလာမှ ဘဲကြီးရင်ဘတ်ကို လက်နဲ့ဖွဖွတွန်းပြီး

"ဘာ ဘာ ဘာလုပ်မလို့လဲ"

"ဘာလုပ်မလို့ လို့ထင်လဲ"

"ဘဲကြီး ခများနော် စေ့စပ်ထားတဲ့သူရှိပြီးသားကို ကျုပ်ကိုဘာဖြစ်စေချင်နေတာလဲ"

"ပါးဖောင်းလေးက ဒါကိုစိတ်ကောက်နေတာလား"

"ဘယ်သူကကောက်လို့လဲ ဘာမှကောက်မနေဘူး"

"ပါးဖောင်လေးကဖျက်ဆိုတာနဲ့ ကိုယ်ကအဲ့တာကိုဖြတ်လိုက်မှာ ပြောပါဦးကိုယ့်ကို ချစ်လား"

ဘာမှလဲမဆိုင်ဘူး ပြီးတော့ဘဲကြီးကို ချစ်လားလာမေးနေတယ် ဘဲကြီးကဖြင့် သူ့ကိုတောင်ချစ်တယ်တောင် မပြောဘဲနဲ့ ဒါကြီးကမလွန်ဘူးလား

"ပြော ချစ်လား"

"ဘာလို့ပြောရမှာလဲ ခများကြီးကဖြင့်မပြောဘဲနဲ့"

"ဒါကပြောစရာလို လို့လားကိုယ်အလုပ်နဲ့သက်သေပြမယ်"

"ချီးလိုဘဲကြီး *ီးမှတောင်မချစ်ဘူး သွားအဲ့မိန်းမကိုဘဲသွားယူသွား"

"တကယ်ယူရမှာလား"

"ခများကြီးမိန်းမလိုချင်နေတာမလားယူပေါ့သွား အခုဘဲသွားယူ"

"အင်းယူမှာ မင်္ဂလာဆောင်ကျရင် ဖိတ်လိုက်မယ် အခုထိုင်ခုံခါးပတ်ပတ် အိမ်ပို့ပေးမယ်"

ဒီဘဲကြီးဟာလေ နည်းနည်းပါးပါးမချော့တက်ဘူးလား စိတ်တိုလိုက်တာ
...............................
တစ်ပတ် တကယ်တစ်ပတ်ရှိနေပြီ ဒီဘဲကြီးဟာလေ ဖုန်းလဲမဆက်ဘူး messengeလဲမပို့ဘူး ပေါ်လဲမလာဘူး မုန်းဖို့ကောင်းလိုက်တာ စိတ်ထဲတစ်ခုခုဟာတာတာကြီးဖြစ်နေသလိုဘဲ ကျွန်တော်ခများကြီးကိုသတိရနေတာလား မုန်းတယ်ဘဲကြီး သတိရအောင်လုပ်တာ နေမထိထိုင်မသာဖြစ်အောင်လုပ်တဲ့ ဘဲကြီးကိုမုန်းတယ်
ကျောင်းသာလာနေရတာစိတ်တွေက ပါမနေဘူး

"Hoba ဘာတွေဖြစ်နေတာလဲ"

"အာJoonie ဘာမှမဖြစ်ပါဘူး"

BAL GYI Where stories live. Discover now