Part 9

1.9K 245 38
                                    


Unicode

"Joneသူကဘယ်သူလဲ Joneသားလား "

"ဟွန်း မဟုတ်ပါဘူး နောက်မှမိတ်ဆက်ပေးမယ်"
............................
ခွေးချေးလိုဘဲ ရှက်လိုက်တာ ဘာတွေစိတ်ရူးပေါက်ပြီးသွားခေါ်တာလဲ ရှက်လိုက်တာ အဲ့ဒီနေ့ကအိမ်ပြန်ရောက်တည်းကအခန်းပြင်မထွက်တာ ထမင်းတောင်အခန်းထဲလာပို့ပေးမှစားတာ ရှက်လွန်းလို့ သေတော့မယ်အခုထိရှက်နေတုန်းဘဲ

"တောင်📩📩📩"

အဲ့ဒီနေ့ကအကြောင်းပြန်စဉ်းစားနေတုန်းmessengeဝင်လာတာကြောင့်ကြည့်လိုက်တော့ဘဲကြီးဆီက

📩ပါးဖောင်းလေး ခုထိရှက်နေတုန်းလား📩

📩🖕🖕🖕🖕📩

ယဉ်ယဉ်ကျေးကျေးပါဘဲ middle fingerပြန်ပို့ပေးလိုက်တယ်

📩******အဲ့ဒီကိုလာခဲ့ မိတ်ဆက်ပေးစရာလူရှိတယ်📩

📩ဘာလို့လာရမှာလဲ မလာဘူး📩

အပေါ်အင်္ကျီဝတ်ပြီး ဆိုင်ကယ်သော့ကယူပြီးနေပြီ နေဦး ငါလေး ဘဲကြီးဆီသွားမလို့မဟုတ်ဘူးနော် မုန့်သွားစားမလို့ လမ်းကြုံလို့ အစကတည်းကထွက်မလို့လုပ်နေတာ ဘဲကြီးခေါ်တာကွက်တိဖြစ်သွားတာ တစ်မျိုးမထင်ကြနဲ့
အရင်နေ့တွေတုန်းက တွဲရအောင်လို့လာပြောထားတဲ့ ကျောင်းကကောင်မလေးတွေထဲက တစ်ယောက်ကိုဖုန်းဆက်ပြီးအဆင်သင့်ပြင်ခိုင်းထားလိုက်တယ် လာခေါ်မယ်လို့ပြောပြီး
ဘဲကြီးမိတ်ဆက်ပေးမယ့်သူကိုသိသားဘဲ ဟိုမိန်းမဘဲနေမှာပေါ့ ဟက်Jung Hoseokတို့ကလဲ စော်ကြည်ဘဲလေ ကျောင်းconcertတုန်းကတည်းကfan clubတောင်ရှိတယ် ကျောင်းရဲ့နာမည်ကြီးလေ ကြွားတာမဟုတ်ပေမယ့် ကိုယ့်ရုပ်ရည်နဲ့ကိုယ်ဆိုတော့လဲ ထားပါ အဲ့တော့တစ်ယောက်တည်းသွားရင် Jung Hoseokဘယ်ဟုတ်တော့မလဲ ဘဲကြီးကို နဲနဲတော့ ကလိချင်သေးတယ်
ကောင်မလေးကိုဝင်ခေါ်ပြီး ဘဲကြီးချိန်းတဲ့နေရာရောက်တော့ ဘဲကြီးနဲ့ ဟိုမိန်းမကတစ်ဖတ်မှာထိုင်နေလို့ ခေါ်လာတဲ့ကောင်မလေးနဲ့ တစ်ဖတ်မှာဝင်ထိုင်လိုက်တယ်

"ပါးဖောင်းလေးကသူငယ်ချင်းခေါ်လာတာလား"

"No No No အသစ်စက်စက်ချစ်သူလေးခေါ်လာတာ ဟုတ်တယ်မလား ဟန်နီ"

BAL GYI Where stories live. Discover now