Part 1(uni)

5.2K 160 4
                                    

မပွင့်တပွင့်ဖြစ်နေတဲ့ မျက်လုံးနှစ်လုံးကို နော်ညာဘက်လက်နဲ့ပွတ်သတ်ကာဖြည်းဖြည်းချင်းဖွင့်ကြည့်မိသည်။မျက်နှာကျက်အဖြူရောင်ကနော့် အိပ်ခန်းမဟုတ်ကြောင်းပြောပြနေသည်။
အယ်... သူခုဘယ်ရောက်နေတာပါလိမ့်?
အိပ်နေရာမှရုတ်တရက်ထထိုင်လိုက်တာကြောင့်မူးနောက်သွားတဲ့သွားတဲ့ခေါင်းကိုကိုင်ရင်းစဥ်းစားမိသည်။
ဟီး ဟီး။ဟုတ်သားပဲ။နော်ကအခုမန္တလေးမှာမှမဟုတ်တာ။ဂျပန်မှာရှိတဲ့လေးလေးဆီရောက်နေတာပဲ။မနက်ရောက်တဲ့အချိန်တည်းကအိပ်လိုက်တာ ခုနာရီကြည့်လိုက်တော့နေ့လယ်၃နာရီ။သူတော်တော်အိပ်လိုက်တာပဲ။

သူခုရောက်နေတာက နေထွက်နိုင်ငံလို့ခေါ်ဆိုတဲ့ ဂျပန်နိုင်ငံ(Nihon) ကန်ဆိုင်း(Kansai)ဒေသတွင်ရှိသော အိုဆာကာမြို့(Osaka)ဖြစ်သည်။လေးလေးကကတော့ဒီဒေသမှာအခြေချတာဆယ်စုနှစ်တစ်ခုကျော်သွားခဲ့ပြီ။

သူကMUFLမှာJapaneseကိုလေ့လာနေတာ။ခုကတော့နောက်ဆုံးစာမေးပွဲဖြေပြီးလို့ ၆လဗီဇာနဲ့လေးလေးဆီကို အလည်လာတာဆိုပါတော့။ဒီနေရာလေးကိုရောက်တာဒါပထမဆုံးတော့ မဟုတ်ဘူး။နောက်ဆုံးတစ်ခေါက်ရောက်ခဲ့တာက လွန်ခဲ့တဲ့၅နှစ်လောက်ကပေါ့။

ကိုယ်လက်သန့်စင်ပြီး အခန်းပြင်ထွက်လိုက်တော့လေးလေးက အလုပ်ကပြန်ရောက်သေးတဲ့ပုံမပေါ်။စားပွဲပေါ်ကအုပ်စောင်းအောက်မှာတွေ့ရတာက ထမင်းဖြူတစ်ပန်းကန်၊အနည်းငယ်မကျက်သေးတဲ့ငါးဟင်းတစ်ခွက်၊အသီးအရွက်တစ်ပန်းကန်နဲ့အေးစက်နေတဲ့မိစောဟင်းရည်တစ်ခွက်။ပြန်နွှေးရမှာပျင်းတာကြောင့် လေးလေးပြင်ပေးခဲ့တဲ့အတိုင်းသာစားလိုက်သည်။

အပြင်သွားမှာဖြစ်တာကြောင့် ဆွယ်တာအပြာနုရောင်ပေါ်ကို ကုတ်ဆင်စွယ်ရောင်လေးထပ်ဝတ်လိုက်သည်။အောက်တိုဘာလဆိုတာ မန္တလေးမှာအဲ့လောက်မဟုတ်ပေမယ့် ဆောင်းဦးရာသီ(Aki) ရောက်နေပြီဖြစ်တဲ့ဒီမှါတော့အနွေးထည်မဝတ်လို့မရ။ရှေ့ဆံပင်လေးကို ခပ်အုပ်အုပ်ဖြစ်အောင်လုပ်ပြီးနောက် ကျောပိုးအိတ်အနက်ရောင်လေးကိုလွယ်ကာ အခန်းပြင်သို့ထွက်လာလိုက်သည်။လေးလေးအခန်းကဒုတိယထပ်ဖြစ်တာကြောင့် ဓာတ်လှေကားမသုံးတော့ ရိုးရိုးလှေကားဖြင့်သာဆင်းလာလိုက်သည်။

အခုကစပြီး/အခုကစၿပီး (completed)Where stories live. Discover now