Part 24(uni)

542 42 0
                                    

အသည်းပုံဖော်ထားတဲ့ အနီရောင်နှင်းဆီပန်းတွေ၊စာရွက်လေးတွေနဲ့ပုံဖော်ထားတဲ့ LOVE ဆိုတဲ့စကားလုံးတွေက တစ်လမ်းလုံးအပြည့်။လမ်းမထက်မှာ လက်ချင်းချိတ်ပြီး သွားလာနေတဲ့စုံတွဲလေးတွေက ဒီနေ့မှပိုများနေသယောင်။ကောင်မလေးအများစုရဲ့ လက်ထဲမှာတော့ Valentines Dayရဲ့အဓိကဖြစ်တဲ့ ချောကလက်လေးတွေ။

*ချစ်တယ်*

ကြားရတယ်ဆိုရုံလောက်လေး ထွက်လာတဲ့အသံကြောင့် စိတ်လှုပ်ရှားမှုနဲ့အတူ နှုတ်ခမ်းလေးတွေ ပွင့်ဟသွားရသူက နော်။

*ဒါက မင်းအတွက်*

အဲ့လိုပြောပြီး အနီရောင်မယ်ပယ်ရွက်ပုံဆွဲသီးလေးပါတဲ့ ပလက်တီနမ်ကြိုးကို နော့်လည်ပင်းမှာ ချိတ်ဆွဲပေးသည်။နော်သူ့ကိုမော့်ကြည့်လိုက်ချိန် ငုံ့ကြည့်လာတဲ့သူ့ကြောင့် အနီးကပ်ဆုံးဖြစ်နေတဲ့ မျက်နှာအနေအထားမှာ နော့်နှလုံးခုန်သံက ပုံမှန်မဟုတ်တော့။

*ကဗျာဆရာမဟုတ်တဲ့အတွက် ငါစာတွေဖွဲ့မပြတတ်ဘူး
ငါပြောတတ်တာက... ငါမင်းကိုချစ်တယ်...
အချစ်ကို အက္ခရာတွေနဲ့ စားလုံးပေါင်းဖို့ မေ့လျော့တဲ့အထိ မင်းကငါ့နှလုံးသားကိုစိုးမိုးထားတယ်

မင်းနားမှာ စက္ကန့်တိုင်းရှိမနေနိုင်ရင်တောင် မင်းလိုအပ်ချိန်တိုင်းတော့ ရှိနေပေးချင်တယ်
မင်းကိုဂရုစိုက်ပေးချင်ပြီး ဘေးလူတွေအမြင်ကပ်ရလောက်တဲ့အထိ ချစ်ပြချင်တာမို့လို့... ငါ့ကိုအဲ့အခွင့်အရေးလေးပေးပါ*

သူ့အသက်ရှူသံက နော့်မျက်နှာကိုကျီစယ်နေတော့ ရင်ခုန်နှုန်းကမြင့်တက်လာသည်။

*ငါ... ငါ...*

နော်စကားပြန်ပြောဖို့ လုပ်ပေမယ့် မျက်ဝန်းညိုတွေအောက်မှာ ညို့ယူခံထားရတာကြောင့် ပြောမထွက်။

သူကနော့်ညာဘက်လက်ကို ဆွဲကိုင်လိုက်တော့ နွေးထွေးမှုမှ လက်မှတစ်ဆင့် ဝဲရင်အုံဆီသို့။သူ့လက်ရှိ အကြောစိမ်းလေးများကို မြင်ရချိန် ရင်ခုန်နှုန်းက အနှိုင်းအဆမဲ့။

နော့်လက်ဖမိုးကို ထိတွေ့လိုက်တဲ့ သူ့နှုတ်ခမ်းဖူးလေးက နူးညံံ့လွန်းသည်။ပုံမှန်ဆိုစိတ်ဆိုးမိမှာ ဖြစ်ပေမယ့် ခုချိန်မှာတော့ တဒိန်းဒိန်းညံနေတဲ့ ရင်ခုန်သံကို သူကြားသွားမှာသာ စိုးရိမ်နေမိသည်။

အခုကစပြီး/အခုကစၿပီး (completed)Where stories live. Discover now