Part 26

385 20 7
                                    

*သုံးရက်တောင်ရှိပြီလား*

*ဟုတ်တယ် အစ်ကိုလေးအလုပ်မလာတာ သုံးရက်တောင်ရှိပြီ
ခါတိုင်းလည်းမလာတဲ့ရက်ရှိပေမယ့် ခုလိုတော့ အဆက်အသွယ်မလုပ်တာမျိုးတော့ မဟုတ်ဘူး
သူမလာရင်တောင် စာရင်းတွေကို mailနဲ့ပို့ခိုင်းနေကြ*

နော့်ကိုဖုန်းလည်းမဆက် လာလည်းမတွေ့တာကြောင့် သူ့showroomကိုလိုက်လာတော့လည်း သူ့ကိုမတွေ့ရ။ရုတ်တရက် စိတ်ထဲမှာ ပျာယာခတ်သွားမိသည်။သူတစ်ခုခုဖြစ်နေလို့များလား။

တစ်ခါပဲရောက်ဖူးတဲ့သူ့အိမ်ကို သွားဖို့မရဲပေမယ့် နော်ဖုန်းဆက်တာလည်းမကိုင်တဲ့သူ့ကြောင့် စိုးရိမ်စိတ်ကအသာရကာ သူ့အိမ်ရှေ့ရောက်လာသည်။Taxiထွက်သွားတဲ့အထိ နော်အိမ်ထဲဝင်ဖို့ တွေဝေနေမိတုန်း။ဘဲလ်တီးဖို့လက်လှမ်းလိုက်တော့ တီးတောင်မတီးရသေး။ခြံစောင့်ဖြစ်ဟန်တူတဲ့ဦးလေးတစ်ယောက်က တံခါးလာဖွင့်ပေးသည်။

*နော်ပါလား လာ... အိမ်ထဲဝင်
သားဆီလာတာမလား*

အန်တီကအိမ်တံခါးဝကနေ နော့်ကိုနှုတ်ဆက်သည်။တစ်ခါပဲဆုံဖူးတယ်ဆိုပေမယ့် စိမ်းနေတယ်လို့ နော်မခံစားရ။အထက်တန်းဆန်တဲ့ ဝတ်စားဆင်ယင်ပုံနဲ့ ကျက်သရေရှိတဲ့အပြုံးကြောင့် အနည်းငယ်တော့ရှိန်မိသည်။

*ဟုတ်တယ် အန်တီ
ကျွန်တော်ဖုန်းဆက်တာမကိုင်လို့
showroomလည်းရောက်ခဲ့သေးတယ်*

*အဲ့ကလေး ဘာဖြစ်နေမှန်းမသိပါဘူး
ဟိုတစ်နေ့ညက ညဥ့်နက်မှမူးပြီး ပြန်ရောက်လာတယ်
အဲ့နေ့တည်းက အခန်းအောင်းနေတာ
ဘာဖြစ်လို့လဲမေးတော့လည်း တစ်ယောက်တည်းနေချင်တယ်ပဲပြောတယ်*

*ကျွန်တော် သူ့အခန်းထဲသွားလို့ရလား*

*ရတာပေါ့ နော်လာတာကောင်းလိုက်တာ
နော့်ကိုဆိုရင်တော့ သူဘာဖြစ်လဲပြောရင်ပြောပြမှာ
လာ အန်တီသူ့အခန်းလိုက်ပြမယ်*

အန်တီခေါ်တဲ့နောက်ကိုလိုက်ခဲ့တော့ သူ့အခန်းက အပေါ်ထပ်မှာဖြစ်သည်။နော်တံခါးခေါက်ပေမယ့် အထဲမှဘာသံမှထွက်မလာ။အန်တီက ဝင်သွားဖို့ပြောတာကြောင့် နော်ကိုယ့်ဟာကိုယ် ဖွင့်ဝင်လိုက်သည်။

အခုကစပြီး/အခုကစၿပီး (completed)Where stories live. Discover now