၂၅

21.3K 2.8K 35
                                    

(Unicode)

"King ကြီးနဲ့ စာတူတူလုပ်နေရတာ ဝမ်းသာဂုဏ်ယူမိပါကြောင်း"

ကျော်ကျော်က နောက်သလိုလိုပြောကာ သင်္ချာပုစ္ဆာတစ်ပုဒ်ကို ခွန်နှောင်းရှေ့ထိုးပေးသည်။

မှန်သည်။ ပထမနှစ်၏ king သည် သျှန်ခွန်နှောင်းဖြစ်ခဲ့သည်။ ထိုနေ့က အပျော်လုံးဆို့ခဲ့သည်မှာ king ဖြစ်ရခြင်းကြောင့်မဟုတ်မှန်း ခွန်နှောင်းတစ်ယောက်တည်းသာ သိပါသည်။ သူမျှော်နေသော သူက သူ့ရှေ့တည့်တည့်တွင်ပင်ရှိနေရာ အဘယ်အခြားနေရာကို အကြည့်စွန့်ကြဲနိုင်မည်နည်း။

Canteen ကနေကြည့်လျှင် basket ball ကစားသည့်နေရာကို လှမ်းမြင်နေရသည်ဖြစ်ရာ စဝ်စံဦးသာ ကြိုးစားပမ်းစားကစားနေသည်ကို မြင်နေရသည်။

"မျက်လုံးကြီးလည်း ကျွတ်ကျတော့မယ် ခွန်နှောင်းရာ"

"အာ ငါမကြည့်"

"အဆန်းမဟုတ်ပါဘူး ကြည့်ပါ၊ ကိုစဝ်စံဦးသာက နည်းနည်းတော့ ချေတယ်နော်၊ မင်းကို စိတ်မကောင်းဖြစ်အောင်လုပ်နေဦးမယ်"

ကျော်ကျော်ပြောစကားတွင် အနည်းငယ်စိတ်မကောင်းဖြစ်သွားသော်ငြား မမှန်တာပြောခြင်းမျိုးမဟုတ်သောကြောင့် သက်ပြင်းချ၍သာ ဆက်ငေးနေမိ၏။

"ငါ အကို စဝ်စံဦးသာနဲ့ ရင်းရင်းနှီးနှီး ပတ်သတ်ခဲ့ဖူးတယ်လို့ ထင်တယ်"

"ငါ့ကို ပြောပြချင်လား ?"

~~~~~~~

အရံလူတွေအကြောင်း ချန်၍ အိပ်မက်ရှည်ကြီးအကြောင်းကို ကျော်ကျော်အားပြောပြသောအခါ ဝိုးကနဲ ဝါးကနဲ။ ယောကျ်ားချင်း နှစ်သက်သည့်ကိစ္စကို စိတ်ထဲတစ်မျိုးဖြစ်နေသလားဟု ကျော်ကျော်ကိုမေးတော့ ကျော်ကျော်က ဒါမျိုးမထူးဆန်းတော့ဟု ပြန်ဖြေသည်။ နောက်ဆုံးတွင်မူ အတန်းချိန်လစ်၍ ခွန်နှောင်းသည် မိုင်းပွန်အကြောင်းကို ပြောပြခဲ့ပါသည်။

~~~~~~~

ခွန်နှောင်းတစ်ဦးတည်း၏ အမြင်ဖြစ်ပုံရသော်လည်း ကျော်ကျော်ပါသတိပြုမိသည့်အချက်မှာ စဝ်စံဦးသာသည် သျှန်ခွန်နှောင်းကို ရှောင်ပါသည်။

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now