Ep 1

1.1K 74 0
                                    

Ep 1(Uni)

ကောင်းကင်တွင်အပြာရောင်နှင့်အဖြူရောင်တိမ်တိုက်တို့စိုးမိုးကာညနေခင်းအချိန်အခါလေးကသာယာလှသည်။စစ်ပိုင်တစ်ယောက်
ကျူရှင်သွားဖို့ရေချိုးပြီးသည်နှင့်လွယ်အိတ်ယူလိုက်သည်။ကျွန်တော့်ရဲ့သူငယ်ချင်းလေးရာရာ ဆီသွားရအုန်းမည်။အွန်း........သူငယ်ချင်းဘဲဆိုပါတော့....

ရာပြည့်တစ်ယောက်ကျူရှင်သွားရန် စက်ဘီးယူ၍ခြံရှေ့သို့ထွက်ခဲ့သည်။စက်ဘီးနင်းရန်ပြင်လိုက်သည်နှင့်ခါးပေါ်သို့ရောက်လာသောလက်တစ်စုံ

"မောင်းလေ ရာရာလေးရဲ့ ဟီးဟီး"သွားအဖြီးသားနှင့်နောက်ကထိုင်နေသောကျွန်တော့်ရဲ့.......

"မင်းဘယ်ချိန်ထဲကငါ့အနားရောက်နေတာလဲ စစ်ပိုင်"
"ဟီးဟီး ဒီနားမှာပုန်းနေတာလေ မင်းကငါ့ကိုမခေါ်ဘဲတစ်ယောက်တည်းသွားမလို့ပေါ့ဟုတ်လား"

"အဲ့ဒီတော့ဘာဖြစ်လဲ ငါမင်းကိုတင်နင်းရတာ ညောင်းတယ်"

ဟုတ်ပါတယ်အမြဲဘဲကျွန်တော်ကသူ့ခန္ဓာကိုယ်ကိုတင်နင်းရကာ သူကတော့ကျွန်တော့်အနောက်ကနေအလိုက်သင့်လေးထိုင်စီးနေတာပင်။

"ဟုတ်လို့လား ငါ့ကိုတင်နင်းရလို့လား ဒါမှမဟုတ် မင်းဘယ်ကောင်မလေးကိုသွားပိုးမလို့လဲ ပြောစမ်း"
"ငါကမင်းလိုမဟုတ်ဘူးနော် မင်းသာသင်ဇာဆိုတဲ့ကောင်မလေးကိုဘူးနေတာ ငါမသိတာမှတ်လို့ ဟွန့်"

ကျွန်တော်ကတော့ဘယ်ကောင်မလေးမှစိတ်မဝင်စားပါ။ ကျွန်တော့်ကိုလာကြိုက်ရင်တောင်ငြင်းလွှတ်လိုက်တာပင်။ဘာလို့လဲဆိုတော့ ကျွန်တော့်ရင်ဘက်ထဲဲမှာနေရာယူထားတဲ့သူကရှိပြီးသားမို့လို့ပါ။သူကတော့အဲ့လိုမဟုတ် သင်ဇာဆိုတဲ့ကောင်မလေးကိုပိုးနေတာပင်။

"ငါကသူ့ကို လိုက်ကြည့်တာပါကွာ ပြီးတော့သူကချောတယ်လေသူကလဲငါ့ကိုအထာတွေပေးတော့ ဟဲဟဲ...."
"အပိုတွေသူအထာပေးလဲမင်းကြိုက်ချင်မှပါ"

"ဟာ ဟုတ်ပါပြီ မိန်းမလေးရယ် ဒီနေ့နင်းအုန်းမှာလား မြန်မြန်မောင်းတော့"
"ဘောကို မိန်းမလေးလား ခွေးကောင်။

ကျွန်တော်ပြုံးမိပါသည်။ကျွန်တော်နဲ့သူက
ငယ်ငယ်လေးထဲခင်လာခဲ့တာကာ ပြောမနာဆိုမနာတွေပင်။ပြီးတော့ကျွန်တော်လည်းသူ့ကိုငယ်ငယ်လေးထဲအရိပ်တကြည့်ကြည့်နဲ့ နေလာခဲ့ရတာပါ။

ဆုံစည်းခဲ့သော (Complete)Where stories live. Discover now