Ep 2

597 64 4
                                    

Ep 2(Uni)

နောက်နေ့....ကျွန်တော်တို့အပြင်ထွက်ခဲ့ကြသည်။စစ်ပိုင်အတွက်အဖော်လိုက်ပေးတယ်ဆိုပိုမှန်လိမ့်မည်။

"ဟေ့ကောင် မင်းမျက်နှာကဘာဖြစ်နေတာလဲ"
ကျွန်တော်နဲ့ထွက်လာရင်းအသံတိတ်နေသောသူကြောင့်လှည့်ကြည့်လိုက်တော့ဘေးနားကအဖော်လိုက်ပေးတဲ့အကောင်ပေါက်လေးကစူပုပ်နေလေသည်။

"မင်း ဟာမလေးကလာအုန်းမှာလား ဒီနေ့ရောရုပ်ရှင်ရုံထဲဝင်ရအုန်းမှာလား"

ဟုတ်ပါတယ် စစ်ပိုင်နဲ့သဇင်တို့ရုပ်ရှင်ကြည့်ဖို့ချိန်းထားတာပင်။ကျွန်တော်မသိလိုက်ခင်မှာဘဲသူနဲ့စစ်ပိုင်နဲ့ရည်းစားတွေဖြစ်သွားကြသည်။ခုလဲသူတို့နှစ်ယောက်ထဲတွင်ကျွန်တော်က အပိုလူဖြစ်နေအုန်းမယ်ထင်သည်။

"လာမှာပါကွာမင်းကလည်း ဟော ဟိုမှာသဇင်လာပြီ"

"စစ် ရောက်နေတာကြာပြီလားသဇင်နည်းနည်းနောက်ကျသွားတယ်"
"ရပါတယ်ကိုယ်တို့လည်းရောက်တာမကြာသေးပါဘူး"

"ဪ ရာပြည့်လည်ပါလာတာကိုး.......သဇင်က သဇင်တို့နှစ်ယောက်ထဲထင်လို့"

"ဟုတ်တယ် ကိုယ်တို့ကအမြဲတမ်းအတူတူသွားအတူတူစားလေ"

စစ်ပိုင်အဲ့လိုပြောလိုက်တော့ သဇင်ကမျက်နှာနဲနဲတင်းသွားသည်။စစ်ပိုင်မမြင်လိုက်ပေမယ့်ကျွန်တော်ကတော့မြင်လိုက်သည်။

"ဒါဆိုကိုယ်တို့ လက်မှတ်သွားဝယ်မယ်လေ"
"အင်း သဇင်တို့သွားကြမယ် မုန့်လဲဝယ်ရမယ်လေ"
လက်မှတ်ဝယ်ဖို့အသွား စစ်ပိုင်လက်ကိုလှမ်းချိတ်လိုက်တဲ့သဇင်ကိုမြင်ရတော့ကျွန်တော်ရင်ဘက်ကအလိုလိုနာကျင်လာမိသည်။

"သဇင်တို့မုန့်အရင်သွားဝယ်ရအောင်"

"အင်း ကိုယ်သွားဝယ်ပေးမယ် ရာပြည့်နဲ့သဇင်ကဒီမှာနေခဲ့နော်ပြန်လာမှလက်မှတ်ဝယ်ကြမယ်"

စစ်ပိုင်ကတော့ပြောပြီးသည်နှင့်ထွက်သွားသည်။ကျန်ခဲ့တဲ့သူက ကျွန်တော်နှင့်သဇင်နှစ်ယောက်ထဲသာ ထိုအချိန်....

"စစ်နဲ့ရာပြည့်က တော်တော်ခင်ကြတယ်နော်"
"ဪ ငယ်ငယ်ထဲကပေါင်းလာလို့ပါ"သူမရဲ့အမေးစကားအား အေးအေးဆေးဆေးသာပြန်ဖြေလိုက်သည်။

ဆုံစည်းခဲ့သော (Complete)Where stories live. Discover now