Ep 4 final

1K 71 4
                                    

Ep 4(Uni) final

ဒီနေ့မနက် ကျွန်တော်စစ်ပိုင်တို့နဲ့လိုက်သွားရမည်။
အမှန်တိုင်းပြောရရင်မလိုက်ချင်ပါ။သဇင်နဲ့ကလည်းတည့်ကြတာမဟုတ် ကိုယ်ကစစ်ပိုင်ကိုကြိုက်နေတာသဇင်ရိပ်မိလို့ရုပ်ရှင်ရုံမှာတုန်းကတောင်စကားများကြသေးသည်မဟုတ်လား။

ဟိုကောင်ကတော့အဲ့ဒါကိုမသိ အတင်းကိုခေါ်နေတာပင် သဇင်ကသူ့ရည်းစားလားကိုယ်ကသူ့ရည်းစားလားတောင်မသဲကွဲတော့ ခုတော့အိမ်ရှေ့အရင်ထွက်ရမည်။ကြာနေရင်ပူညံပူညံလုပ်အုန်းမယ်။ရာပြည့်လဲ စက်ဘီးနဲ့အိမ်ရှေ့သို့ထွက်စောင့်နေသည်။
ခနကြာတော့စစ်ပိုင်ရောက်လာသည်။

"စစ်ပိုင်ဘယ်မှာချိန်းထားကြတာလဲမင်းနဲ့သဇင်နဲ့က"
"Coffeeဆိုင်မှာ မင်းလဲCoffeeကြိုက်တယ်မလား"

ရာပြည့်ကCoffeeကြိုက်လို့တမင်အဲ့မှာချိန်းလိုက်တာပင်
"အင်း အာ့ဆိုသွားမယ်လေ"

Coffeeဆိုင်ထဲတွင် စစ်ပိုင်နဲ့ရာပြည့်နှစ်ယောက်ထိုင်နေကြသည်။ဘာစကားမှမပြောဖြစ်သေး ရာပြည့်လဲဘာမှမမေးသေး။ခနနေတော့သဇင်ရောက်လာကာ

"စစ် သဇင်နဲနဲနောက်ကျသွားတယ်"
"ရပါတယ် အဲ့လောက်လဲအရေးမကြီးပါဘူး"

သဇင်လည်းစစ်ပိုင်အားပြုံးပြကာ ရာပြည့်ကိုတော့မဲ့ပြုံးနဲ့ကြည့်နေသည်။သူ့စိတ်ထဲတွင်ရာပြည့်က စစ်ပိုင်အားလိုက်ကပ်နေသည့်ပုံစံလိုပင်ဖြစ်နေသည်။

"သဇင်မှာလေ Coffeeသောက်မယ်မလား"
"သဇင်ကCoffeeမကြိုက်ဘူး စစ် "

"ဪ အာ့ဆိုတစ်ခုခုမှာလိုက်လေ ရာပြည့်ကတော့Coffeeကြိုက်လို့မှာပေးပြီးပြီ"

"စစ်က ရာပြည့်ကိုတော်တော်ချစ်တယ်နော် သဇင်ထက်တောင်ပိုချစ်နေသလားလို့"

သဇင်မဲ့ပြုံးပြုံးကာပြောလိုက်သည်ကိုစစ်ပိုင်က

"ဒါပေါ့အချစ်ဆုံးသူငယ်ချင်းဘဲလေ သဇင်လိုတော့ကိုယ်နဲ့တွဲနေတုန်း တခြားတစ်ယောက်ရင်ခွင်ထဲဝင်နေရလောက်အောင် သိက္ခာမမဲ့ပါဘူး" စစ်ပိုင်ကပြောလိုက်တော့

"စစ် ဘာတွေပြောနေတာလဲ သဇင်နားမလည်ဘူး"
"ဘာကိုနားမလည်တာလဲသဇင် မင်းနဲ့ ဇေယျဆိုတဲ့ကောင်နဲ့ တွဲနေတာငါမသိဘူးများထင်နေတာလား ငါကနွားမဟုတ်ဘူး" စစ်ပိုင်ကဒေါသထွက်လာကာအသံကျယ်သွားမိသည်။

You've reached the end of published parts.

⏰ Last updated: Jul 25, 2022 ⏰

Add this story to your Library to get notified about new parts!

ဆုံစည်းခဲ့သော (Complete)Where stories live. Discover now