Ep 3

565 59 0
                                    

Ep 3(Uni)

ရုပ်ရှင်ရုံမှာ သဇင်နဲ့စကားများပြီးထဲက မရောတော့တာဆိုပိုမှန်မည်။ကျွန်တော့်ကြောင့် စစ်ပိုင်ကိုအပြောမခံချင်ပါ။ ဒါကြောင့်လည်းရှောင်နေခြင်းဖြစ်သည်။ဒီနေ့လည်းကျူရှင်ကိုသူမလာခင်စောစောသွားရမည်။
ရာပြည့်တစ်ယောက်ကျူရှင်သွားရန် စက်ဘီးလေးကိုခြံပြင်သို့ထုတ်လိုက်သည်။နင်းရန်ပြင်လိုက်ချိန် ခါးပေါသို့ကျရောက်လာသောလက်တစ်စုံကြောင့် လန့်သွားကာ အနောက်သို့ကြည့်မိချိန်တွင် နွားပွဲစားနှယ် သွားဖြီးပြနေသောသူ။

"ကိုယ့်ရဲ့ရာရာလေးက တစ်ယာက်ထဲသွားမလို့လားဟင်"
"အဲ့တော့ဘာဖြစ်လဲ မင်းအရင်နေ့ကလဲတစ်ယောက်ထဲသွားတာမဟုတ်ဘူးလား"

မျက်မှောင်ကြုပ်၍ပြောနေသည်ကို ဂရုမစိုက်ဘဲပြုံးကြည့်နေသည့် သူကြောင့်စိတ်တိုရသည်။

"မင်းကလဲ ငါ့ကိုဘာတွေစိတ်ဆိုးနေတာလဲဟင်"
"ဘာမှမဆိုးဘူး ဆင်းတော့ ကိုယ့်ဘာသာသွား ငါမင်းကိုမတင်နင်းဘူး "

ထိုအချိန် စက်ဘီးပေါ်မှဆင်းကာ ကျွန်တော့်ရှေ့သို့ရောက်လာ၍စက်ဘီးနင်းဖို့ခွထားသောကျွန်တော့ကို ဖယ်ခိုင်းကာသူကကျွန်တော့်နေရာမှာနေ၍

"တက်လေငါဒီနေ့မင်းကိုတင်နင်းမှာ တက်"

ကျွန်တော်လည်းကျူရှင်နောက်ကျမှာစိုး၍ ဖင်ထိုင်ခုံပေါ်သို့တက်ထိုင်လိုက်သည်။သို့ပေမယ့်သူကမနင်းသေး၍

"ဘာလုပ်နေတာလဲထိုင်ပြီးပြီ နင်းတော့လေ"ပြောလိုက်သည်ထိမနင်းဘဲ ကျွန်တော့ကို ဂျို  ကြည့် ကြည့်ကာ
"မင်းငါ့ခါးကိုမဖက်ဘူးလား"

"ငါခါးမဖက်လည်းမပြုတ်ကျဘူး နင်းမှာသာနင်း"
"ရတယ်လေ ငါနင်းပြီနော်" ပြောပြီးသည်နှင့်စက်ဘီးကိုလူလိုမနင်းဘဲမြွေလိမ်မြွေကောက်လိုနင်းနေသောကြောင့်သူ့ခါးကိုအမြန်ဖက်လိုက်ရသည်။

"မင်းပြောတော့ငါ့ခါးကိုမဖက်ဘူးဆိုခုကျတော့....."
"မင်းကလူလိုမှမနင်းတာ"
"ငါလူလိုနင်းရင်မင်းကငါ့ခါးကိုဖက်မှာမဟုတ်ဘူးလေ"
"တတ်လဲတတ်နိူင်တဲ့ကောင်"

"ငါနင်းတဲ့စက်ဘီးကိုဘယ်သူမှတောင်စီးဖူးတာမဟုတ်ဘူးနော်မင်းကပထမဆုံးဘဲ မိန်းမလေးရဲ့ ဟား.....ဟား...."
"ဘောကို မိန်းမ" သူကတော့ရယ်ရင်းစက်ဘီးသာနင်းနေသည်။

ဆုံစည်းခဲ့သော (Complete)Hikayelerin yaşadığı yer. Şimdi keşfedin