Chapter nine

200 20 0
                                    

*Unicode version*

Pete Pov

“Can ကအရမ်းချစ်ဖို့ကောင်းတာပဲ!”

“သူရှက်နေတဲ့အချိန်ဆိုပိုတောင်ချစ်ဖို့ကောင်းသေးတယ်”

“Tin နဲ့ယဥ်ရင်လည်း လူကောင်းသေးသေးလေးမို့လို့ လုံးဝကွက်တိ... ”

Ae ကစကားကိုဆုံးအောင်နားမထောင်ဘဲ ကျွန်တော့်ကိုနံရံဘက်တွန်းပြီး နရံပေါ်လက်တွေထောက်ထားရင်း ကျွန်တော့်ကိုပိတ်ထားတယ်။ သူကိုသတိရလို့ သူ့ဆီရောက်နေတာပါအခု၊ ဒါပေမဲ့ ကျွန်တော် Canအကြောင်းပြောရတာ ကြိုက်တယ်။

“ငါ့ရှေ့မှာ တခြားကောင်တွေအကြောင်း မပြောပါနဲ့လား” စိတ်တိုတဲ့အမူအရာနဲ့ မျက်မှောင်ကြုတ်ပြီးပြောတော့ စိတ်ထဲကကြိတ်ရယ်မိတယ်။ သူသဝန်တိုတဲ့ပုံလေးကိုသဘောကျတယ်။

“ဘာလို့လဲ၊ Tin နဲ့ Can ချစ်သူဖြစ်နိုင်ခြရှိကြောင်းပဲပြောတာပါ” ကျွန်တော် အပြစ်ကင်းတဲ့လေသံနဲ့ပြောတော့ သူ့မျက်နှာတဖြေးဖြေးရှေ့တိုးလာပြီး။

“ငါသိတယ်၊ ဒါပေမဲ့ အဲ့အကြောင်းပြောတာကို ဘာကိစ္စ မင်းမျက်လုံးတွေက အရောင်တောက်လာပြီး မင်းနှုတ်ခမ်းလေးတွေကပြုံးလာရတာလဲ” ပြောသားပဲ သဝန်တိုနေတာပါဆို။ တစ်ခါတစ်လေ တမင်လုပ်တဲ့အခေါက်တွေလည်းရှိတယ်။ အဲ့လိုပုံစံလေးကိုမြင်ချင်လို့။ အခုလည်း တမင်လုပ်လိုက်တာပါ၊ အလုပ်ဖြစ်သားပဲ။

“ငါမတတ်နိုင်.....” အသံတိတ်သွားတာက ကျွန်တော့်နှုတ်ခမ်းပေါ်  သူ့အနမ်းတွေရောက်လာတာပါ။ မျက်နှာကို လက်၂ဖက်နဲ့ကိုင်ထားပြီး အသည်းအသန်ကို နမ်းနေတော့တယ်။ သူ့အနမ်းတွေနဲ့တွေ့ဆုံမိတဲ့အခါ ဘယ်လိုမှမတတ်နိုင်ဘဲ ငြီးမိတယ်။ Ae turn on ဖြစ်နေပြီဆိုတာသတိထားမိပါတယ်။ သူ့ရဲ့မာနေတဲ့အရာနဲ့ ကိုယ့်ကိုပွတ်တိုက်နေတာ၊ အဲ့ဒါက ကျွန်တော်ကို ထန်စေတယ်။

“Ugh” Ae နှုတ်ခမ်းတွေ လှည်ပင်းကိုရောက်လာပြီး hickey တွေပေးနေတယ်။ သူငယ်ချင်းတွေဆီကနေ အစခံရတော့မှာပဲ။

“Ae, please” သူ့ကိုလိုချင်နေပြီ။ ကျွန်တော့်ပါးကိုကိုင်ပြီးမော့ကြည့်ပြီး ပြုံးပြတယ်။ Ae က ကျွန်တော်သိသမျှထဲမှာအချောဆုံးပဲ၊ အနမ်းပေးတာလည်းတော်တယ်၊ ပုစွန်အခွံနွာတာလည်းတော်တယ်။

Bad Things **TinCan [Completed] (Translate) Where stories live. Discover now