Chapter thirteen

192 17 0
                                    

*Unicode version*

Techno Pov

ဒီနေ့ကတော့ ကံဆိုးတဲ့နေ့ပဲ!  ပထမဆုံးအတန်းချိန်လည်း နောက်ကျနေပြီ။ ကားကလည်း လမ်းခုလပ်မှာလာပျက်သွားတယ်။ ပထမ Tin ကိုဆက်သွယ်ပေမဲ့ သူ့ဖုန်းကစက်ပိတ်ထားတယ်တဲ့လေ။ ဒုတိယ Type ကိုဆက်တော့လည်း ဖုန်းမကိုင်ဘူး။ ခေါ်နေတာ ၁၀ခေါက်လောက်ရှိနေပြီ။ Ae ကိုလည်းတကယ်စိတ်ကုန်တယ်။ အားလုံးထဲမှာသူက ဖုန်းတော့ကိုင်ပါရဲ့ ပြောတာဆုံးအောင် နားမထောင်ဘဲ သူပြောချင်ရာပြောပြီး ဖုန်းချသွားတယ်။ အနောက်ကနေ Pete အသံလည်းကြားတယ်။ သူတို့၂ယောက်အသံတွေက ပုံမှန်မဟုတ်ဘူး။ ဒီအခြေအနေမှာတော့အဲ့လို သူငယ်ချင်းတွေရှိတာကို စိတ်ပျက်မိတယ်။

ဘာဖြစ်တာလဲဆိုတာသိဖို့ ကားထဲကထွက်၊ ရှေ့ဖုံးဖွင့်ပြီး engine ကိုတစ်ချက်စစ်လိုက်တယ်။

“အကူအညီလိုလို့လားဗျ” နောက်ကနေ အသံတစ်ခုကြားလိုက်တယ်။ သူရောက်နေမှန်းတောင် သတိမထားမိပါဘူး။ သူက motorcycle စီးသမားပဲ။ သူ့ uniform ကိုရင်းနှီးနေလို့ သေချာကြည့်မိတယ်။

“Ah eh ကားကစက်ရပ်သွားလို့၊ ဘယ်လိုပြင်ရမလဲလဲမသိတော့..” သူကလျှောက်လာပြီး ကားကိုစစ်တော့ ကျွန်တော်ဖယ်ပေးလိုက်တယ်။

“ဘာဖြစ်တာလဲတော့ အတိအကျ ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ ကူညီနိုင်တဲ့လူတစ်ယောက်ကိုတော့ ခေါ်ပေးနိုင်တယ်။ ခဏလေးနော် အခုဖုန်းခေါ်ပေးမယ်” အိတ်ကပ်ထဲကဖုန်းထုတ်ရင်းပြောတယ်။

သူ့ကတော့ တောင့်တောင့်တင်းတင်းနဲ့ ကြည့်ကောင်းတဲ့ပုံစံမျိုး။ ခေါင်းတစ်ချက်ခါပြီး အဲ့အတွေးစကို ဖြတ်လိုက်တယ်။ သူဖုန်းဆက်လို့ပြီးတော့ ကျွန်တော့်ဘက်လှည့်လာတယ်။

“Okay, သူတို့အခုလာနေပြီ။ သူတို့ကိုပဲ လွဲထားလိုက်ရအောင်၊ ပြီးတော့ ဒီကားကိုလည်း နောက်မှပြန်လာယူမယ်လို့ပြောထားတယ်” ခေါင်းငြိမ့်ပြလိုက်တယ်။ ဒီလိုအကူအညီတောင်းရင်လည်းရတဲ့ဟာကို။ ကျွန်တော် တော်တော်တုံးတာပဲ။

ခဏနေတော့ စက်ပြင်တဲ့ဖွဲ့ရောက်လာတယ်။

“ကျေးဇူးတင်ပါတယ်” သူ့ကလက်ရမ်းပြပြီး

Bad Things **TinCan [Completed] (Translate) Where stories live. Discover now