Chapter Twenty

183 18 4
                                    

*Unicode version*

Tin Pov

"ကားပေါ်တတ်လေ" Can ကို Lay နဲ့ Good ကကူပြီးကားပေါ်တင်ပေးတယ်။ Good ကရှေ့ခုံမှာထိုင်ပြီး သူတို့၂ယာက်ကတော့ နောက်ခုံမှာထိုင်ကြတယ်။ ကျွန်တော်လည်း တစ်ခြားဘာစကားမှမပြောဘဲ အိမ်ကိုပဲတန်းမောင်းလာခဲ့တယ်။

Can ကျွန်တော့်ခံစားချက်တွေကို ဖျက်ဆီးတယ်။ ကျွန်တော် သူ့အပေါ်ဘယ်လောက်နှစ်သက်နေလဲဆိုတာ သူမသိနားမလည်ရလောက်အောင် Can တုံးလိမ့်မယ်မှန်းမသိခဲ့ဘူး။ ကျွန်တော်သူ့အပေါ်ဖော်ပြခဲ့တဲ့ ခံစားချက်တွေက မလုံလောက်လို့ပဲလား? အဲ့တာကြောင့်ပဲ Can အမြဲကျွန်တော့်ခံစားချက်တွေ ဆီ တန်းတန်းမတ်မတ်မရောက်လာဘဲ တုံ့ဆိုင်းနှေးကွေးနေတာလား?

“လိုက်ပို့ပေးတာကျေးဇူးပါ P'Tin” ထုံးစံအတိုင်း Lay ကတော့အားတတ်သရောပြုံးပြရင်းပြောတော့ ကျွန်တော်လည်းသူ့ကို ပြန်ပြုံးပြလိုက်တယ်။ ဒါပေမဲ့ အဲ့အပြုံးတွေက Can ကိုကြည့်လိုက်မိတဲ့အခါ ပျောက်ကွယ်သွားရတယ်။ ကျွန်တော် အခုထိသူ့ကို စိတ်ဆိုးနေတုန်းပဲ။

“ကဲ P' သွားတော့မယ်နော်” ဒီထက်ပိုမဆိုးခင် ကျွန်တော်သွားတာ့မယ်။ သူ့ကိုအေးစက်စက်နဲ့ပဲကြည့်ပြီး ကားပေါ်မတတ်ခင် အားလုံးကို နှုတ်ဆက်ပြီးထွက်လာခဲ့တယ်။

ကားမောင်းနေရင်းနဲ့လည်း စောနကအကြောင်းတွေ ပြန်တွေးမိနေတယ်။ ကိုယ်ဘယ်လောက်တောင် နာကျင်ခဲ့ရလဲဆိုတာ..

“မင်းင့ါကို တကယ်သဘောကျတာလား?” သူ့မျက်ဝန်းလေးတွေက ကျွန်တော့်မျက်လုံးတွေဆီမှာအဖြေရှာနေသလို သေချာစိုက်ကြည့်ပြီး မေးရှာတယ်။ ကျွန်တော်တစ်ခွန်းမှမဟရသေးခင်

“ငါကတော့ မင်းင့ါကိုတကယ်သဘောကျတာမဟုတ်ဘူးလို့ ထင်တယ်။ ငါပြောချင်တာက မင်းအနေနဲ့ င့ါလိုလူကိုသဘောကျစရာ အကြောင်းမှမရှိတာ။ ငါ့အထင် မင်းင့ါအပေါ်မှာ အပြစ်ရှိတဲ့စိတ်ကြောင့် ထင်ယောင်ထင်မှား ဖြစ်တာပဲနေမှာပါ။ မင်းဝန်ခံချင်ချင် မချင်ချင် မင်းင့ါအပေါ်မှာ အကြွေးတင်နေတာတွေ အများကြီးရှိတယ်မလား?  င့ါသူငယ်ချင်း Dae ရဲ့ခံစားချက်တွေကို နာကျင်အောင်လုပ်ခဲ့တာမို့ ငါမင်းကိုမုန်းနေခဲ့တာ။ မင်းဘယ်လောက် ဆိုးသွမ်းခဲ့လဲဆိုတာတွေကို ငါတွေးမိနေတုန်းပဲ။ ထားလိုက်ပါတော့၊ ငါဆိုလိုချင်တာ အဲ့တာတွေမဟုတ်ဘူး။ ငါအခုပြောချင်တာက မင်ပြောခဲ့တဲ့စကားတွေနဲ့ မင်းလုပ်နေတာတွေကို တစ်ခေါက်လောက် အလေးအနက်ပြန်တွေးကြည့်ပါဦး

Bad Things **TinCan [Completed] (Translate) Where stories live. Discover now