Chapter nineteen

195 21 3
                                    

*Unicode version*

Can Pov

အိပ်ရာနှိုးနှိုးချင်း မျက်လုံးဖွင့်လိုက်တော့ မျက်နှာနဲ့အနီးကပ်ဖြစ်နေတဲ့ Tin ကိုတွေ့တော့ လန့်သွားတာပဲ။

“Tin... ဘာ...ဘာလုပ်နေတာလဲ?” ချက်ချင်းပဲ ကိုယ့်နှုတ်ခမ်းတွေကိုအုပ်ပြီး မျက်နှာလွဲလိုက်တယ်။

သူလည်းလန့်သွားပြီး ကသိကအောင့်နဲ့ပဲ ဘာမှမဖြစ်သလို ပုံမှန်အတိုင်းပဲနေဖို့ကြိုးစားနေတာ သိသာပါတယ်။

ကိုယ့်နှုတ်ခမ်းတွေကိုယ် ကာထားမိတုန်းပဲ။ စိတ်ထဲမှာဘာကိုတွေးမိပြီး အဲ့လိုလုပ်ထားမိမှန်းလည်း ကိုယ့်ကိုကိုယ်တောင်မသိပါဘူး။ သူနမ်းတော့မယ်လို့ ထင်ပြီးအဲ့လိုလုပ်မိတာများလား? အဲ့လိုတွေးမိတိုင်း စိတ်တွေလှုပ်ရှားလာပြီး နှလုံးခုန်သံတွေမြန်လာရော။

သူ့ကိုကြည့်မိတော့ နေရခက်လို့ထင်တယ်၊ မျက်လွှာချပြီး ကြမ်းပြင်ကိုပဲစိုက်ကြည့်နေတယ်။ တစ်ခန်းလုံး တိတ်ဆိတ်မှုတွေသာ ကြီးစိုးနေရာယူထားတယ်။

“Tin” ကျွန်တော့်အသံက ကို့ယို့ကားယားနိုင်နေပေမဲ့လည်း မတတ်နိုင်ဘူး၊ ရွေးချယ်စရာမှမရှိတာ၊ ကိုယ်ပဲအရင်စကားစပြောလိုက်တယ်။ ဘေးဘယ်ညာကြည့်ရင်း “အားလုံးဘယ်ရောက်ကုန်ကြတာလဲ?”

“သူတို့ မင်းကိုနှိုးနေရမှာစိုးလို့ နှုတ်မဆက်ဘဲပြန်သွားကြတာ၊ Good, Champoo နဲ့ မင်းညီမလေးကတော့ မုန့်သွားစားကြတယ်” သူရှင်းပြတာလေးကို အလိုက်သင့်နားထောင်ပြီး ခေါင်းလေးပဲငြိမ့်ပြရင်း နောက်တဖန် တိတ်ဆိတ်မှုနဲ့ ကသိကအောင့်ဖြစ်မှုတွေ ထပ်ပြီး နေရာယူလာပြန်တယ်။

ရှာကြံပြီး စကားထပ်ပြောလိုက်ရမလား? သူလည်းသေချာပေါက် ပျင်းနေမှာ!

“မင်းကရော ဘာလို့ဒီရောက်နေတာလဲ?” သိချင်စိတ်တွေကြောင့် ဒီမေးခွန်းကိုမေးလိုက်မိတယ်။

“အသိအသာကြီးပါ၊ မင်းကိုဂရုစိုက်ပေးချင်လို့လေ” ဘာလို့သူစိတ်ဆိုးနေတယ်လို့ ခံစားရတာလဲ? ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ်ပဲဖြစ်နေတာလား? သူ့ကိုအနှောက်အယှက် ပေးမိပြီလား?

Bad Things **TinCan [Completed] (Translate) Where stories live. Discover now