Episode 1

4K 286 57
                                    

Unicode


" Kim Taehyung မင်းအခု
သွားမှာကျောင်းနော် Fashion show
မဟုတ်ဘူး ခွေးကောင်ရဲ့ "

မနက်စောစောစီးစီး Kim Taehyung
အခန်းတံခါးရှေ့မှာ သြဝါဒ လာခြွေနေပါသော
သူငယ်ချင်း Kim Taemin ။ နွေရာသီ
ကျောင်းပိတ်ရက်ရှည်ကြီးကို ကုန်လွန်သွား
သည့်အတွက် ဒီနေ့သည် ပထမဆုံး ကျောင်း
တက်ရက်ဖြစ်သည် ။ ကျောင်းနဲ့အိမ်နဲ့က
နည်းနည်းဝေးတာမို့ မိနစ် သုံးဆယ်လောက်
အိမ်ကထွက်မှ တော်ခါကျသည် ။ Taemin
အော်ပြောနေရင်း မကြာမီ အခန်းထဲမှ
Taehyung တံခါးလာဖွင့်တော့သည် ။

" ဟိတ်ကောင် 45 မိနစ်တောင်
လိုသေးတယ် ကျောင်းကြီးပြိုမကျဘူး
ခဏစောင့်အုံး "

" ကျောင်းတောင် မတက်ရသေးဘူး
မေတ္တာက အရင်ပို့နေပြီ မြန်မြန်လုပ်ကွာ
ပထမဆုံးကျောင်းတက်ရက်ပြီး အပြင်မှာ
ငါမရပ်ချင်ဘူး "

သူတို့နှစ်ယောက် တက်ရာ အထက်တန်း
ကျောင်းကြီးသည် စည်းကမ်းကြီးသည့်
နေရာတွင် နာမည်ကြီးသည် ။ ကျောင်းသား
ကျောင်းသူ အားလုံးကို ဆင်းရဲချမ်းသာ
မရွေး စည်းကမ်းအတိုင်း တန်းတူညီမျှ
ဆက်ဆံတတ်သည် ။ ကျောင်းတံခါးမကြီး
သည် မနက် ၉ နာရီ ဒေါင်ကနဲမြည်တာနဲ့
ပိတ်ပစ်သည် ။ နောက်ကျတဲ့ကျောင်းသား
တွေသည် တံခါးအပြင်မှာ စာသင်ချိန်တစ်ချိန်
ပြီးသည်အထိ ရပ်စောင့်နေရသည် ။

Kim Taehyung နဲ့ Kim Taemin
တို့က အိမ်နီးနားချင်းသူငယ်ချင်းတွေ
ဖြစ်သည့်အပြင် မူလတန်းကတည်းက
ပေါင်းလာတာ အခုဆို အထက်တန်း
နောက်ဆုံးနှစ်တောင် ရောက်လာခဲ့ပြီ ။
နှစ်ယောက်စလုံးက သူငယ်ချင်းအရင်း
ကြီးတွေဆိုပေမယ့် အကျင့်စရိုက်တွေက
ဆီနဲ့ရေပါပဲ ။ အစားအသောက်ကအစ
တစ်ယောက်က အချိုကြိုက်ရင် တစ်ယောက်
ကအစပ်ကြိုက်တယ် ။ နည်းနည်းမှအကျင့်
မတူညီတာ ။ ဒါပေမဲ့ သူတို့နှစ်ယောက်က
တစ်ယောက်ကိုတစ်ယောက်တော့
သူငယ်ချင်းသံဃောဇဥ် အရမ်းကြီးမားတယ် ။
ယောကျာ်းလေးတို့ သဘောသဘာဝ
အရ ဘာမှထုတ်မပြောတတ်ပေမယ့်
တစ်ယောက်ကိုတစ်ယောက် သိကျတယ် ။

Taemin လည်း အခန်းထဲဝင်လာပြီး
Taehyung ကုတင်တွင်ဝင်ထိုင်
လိုက်တော့တယ် ။ မှန်ရှေ့မှာ ရပ်ပြီး
ဆံပင်ကိုရှယ်သနေတဲ့ Taehyung ကို
ကြည့်ပြီး ခေါင်းကိုဖြတ်ရိုက်ပစ်ချင်တဲ့
စိတ်က တဖွားဖွား ။

The Truth Untold Where stories live. Discover now