Episode 14

1.1K 177 74
                                    

Unicode

Taehyung ညက Game အဆော့
လွန်သွားပြီး မနက်မိုးလင်းခါနီးမှ အိပ်ပျော်
သွားတာကြောင့် မနက်အိပ်ယာထနောက်ကျ
သွားတော့သည် ။ ပုံမှန်အတိုင်းဆို ဒီနေ့ကျောင်း
မသွားတော့ပဲ ဆက်ပြီးအိပ်နေမယ်ဆိုပေမယ့်
ဒီနေ့က မသွားလို့မဖြစ် ။ မနက်ပိုင်းက
Tuto ရှိတာရယ် နေ့လည်ပိုင်းမှာ အရေး
ကြီးတဲ့ presentation တစ်ခုလုပ်
ရမှာရယ်ကြောင့် ကမန်းကတန်းအိပ်ယာ
ကနေ ကုန်းရုန်းထပြီး ကျောင်းကိုတန်းပြေး
လာရတော့သည် ။

တိုက်ခန်းကနေ ကားနဲ့ကျောင်းကိုထွက်
လာတော့သည် ။ ဘယ်လောက်ပဲ တိုးတက်
နေတဲ့ နိုင်ငံပဲဖြစ်နေပါစေ ကားလမ်းပိတ်တတ်
တာသည် နိုင်ငံတိုင်းကြုံတွေ့ရတဲ့ ဖြစ်ရပ်တစ်ခု
လိုဖြစ်နေသည် ။ မီးပွိုင့်နီကိုကပ်ပြီးမိသွားတာ
ကြောင့် စိတ်ကနည်းနည်းတောင်ခံပြင်းမိနေ
သေးသည် ။ ကားမီးပွိုင့်ပိတ်နေချိန်တွင်
Taehyung ရဲ့ကားဘေးတွင် လူငယ်
ပြိုင်ကားတစ်စီးက လာပြီးယှဥ်ရပ်တော့သည် ။
ပြိုင်ကားမောင်းတဲ့လူဆိုတော့လည်း အေးဆေး
မနေချင် ။ ဘေးကကားကို ကားအိတ်(စ်)ဇော
သံပေးကာ မတိတထိကစသေးသည် ။

Taehyung ကလည်း သူ့ဘေးနားကနေ
တပူပူ တညံညံလုပ်နေတဲ့ကြောင့်စိတ်အနှောက်
အယှက်ပိုကာ ဖြစ်လာတော့သည် ။ Taehyung
လည်းသိပ်ကြည့်မရတာနဲ့ သူ့ရဲ့ကားကိုပါ
လီဘာပိုတင်လိုက်ပြီး အသံပိုကျယ်အောင်
လုပ်လိုက်တော့သည် ။ လူငယ်အချင်းချင်း
ဆိုတော့လည်း ရန်ဖြစ်ဖို့က သိပ်တောင်ရှာစရာ
တောင်မလိုပါ ။ တစ်ဖက်က ပြိုင်ကားသည်
မီးပွိုင့်စိမ်းသည်နှင့် ကားမှန်ချပြီး Taehyung
ကားဘက်ကို middle finger ပြလိုက်တော့
နဂိုတည်းက စိတ်တိုနေတဲ့ Taehyung ကို
ပိုပြီးစိတ်တိုအောင်လုပ်သလိုဖြစ်နေသည် ။

Taehyung လည်း ပွိုင့်စိမ်းနေသည်နှင့်
လီဘာ တစ်ဆုံးနင်းကာ ရှေ့ကကားနောက်ကို
လိုက်တော့သည် ။ ရှေ့က ပြိုင်ကားကလည်း
နောက်ကနေ Taehyung ကားပါလာမှန်း
သိတာကြောင့် တမင်လူရှင်းတဲ့နေရာကိုမောင်း
သွားတော့သည် ။ လူသူရှင်းတဲ့ လမ်းတစ်နေရာ
ကိုရောက်တော့ အရှေ့ကပြိုင်ကားကအရင်
ရပ်ပစ်လိုက်သည် ။ Taehyung ရဲ့ကားပါ
ရပ်ပစ်လိုက်ပြီး ကားထဲကထွက်လာတော့သည် ။

The Truth Untold Where stories live. Discover now