Episode 3

1.4K 240 45
                                    

Unicode

" Soekjin ငါတို့နဲ့ Canteen
လိုက်စားပါလား တစ်ယောက်တည်း
စားရတာပျင်းမှာပေါ့ ဒီနေ့ရော
ထမင်းချိုင့်ပါလား "

" ထမင်းနဲ့ ကြက်ဥလိပ်ပါတယ်
Taemin "

" ဒါဆို Cantenn လိုက်ခဲ့ပါလား
ကျောင်းတက်တာ တစ်ပတ်တောင်
ကျော်နေပြီ Cantenn တစ်ခါမှ
မသွားရသေးဘူးမလား လိုက်ခဲ့လေ "

" ဪ....အင်း
လိုက်ခဲ့မယ်လေ "

" လာ... "

ကျောင်းတက်ရက် တစ်ပတ်ကျော်လာ
တော့ Taehyung, Taemin နဲ့
Soekjin တို့ ရင်းနှီးစပြုလာသည် ။
Taehyung က Soekjin နဲ့
စကားပြောဆိုရတာ အဆင်ပြေသည်
ဟုခံယူထားသည် ။ အရင်ကဆို ကြား
အားလပ်ချိန်တွေမှာ Taehyung နဲ့
Taemin ပဲ စကားပြောဆိုကျပေမယ့်
အခုဆို Soekjin ကပါ ဝင်ရောက်လာ
သည် ။ Taehyung ကအစတော့
Soekjin ကို အေးစက်စက်နိုင်တယ်
လို့ တွေးထားပေမယ့် စကားပြောကြည့်မှ
အကျင့်ကိုသေချာသိရတော့သည် ။
Soekjin က ဟာသ သိပ်ပြောတတ်
သည် ။ သူပြောလိုက်တဲ့ဟာသတိုင်းလည်း
အမြဲရယ်ရတယ် ။ သူကိုယ်တိုင်ပြော
သူကိုယ်တိုင်ရယ်ပဲဆိုပါတော့ ။ ပင်တိုင်
ထိုင်ရယ်နေတာက Taemin ။
တစ်ခါတစ်လေ ဆရာဝင်လာတဲ့အထိ
တောင် ရယ်ကြောကမပြတ်သေးတာမို့
ခြေထောက်နင်းပြီး သတိပေးရသည် ။

Taehyung လည်း Soekjin
နဲ့ ရင်းနှီးလာတာမို့လို့ ကိစ္စတစ်ခုကို
သတိထားမိလာသည် ။ Soekjin
ကကျောင်းမှာဆို မုန့်သိပ်မစားတတ်။
ထမင်းစားချိန်ဆိုလဲ ပါလာတဲ့မုန့်ကို
သာထုတ်စားတတ်သည် ။ နောက်ပြီး
ကျောင်းတက်တာ တစ်ပတ်ကျော်သည်
အထိ Soekjin ထမင်းစားတဲ့ရက်
တစ်ရက်မှမတွေ့မိသေး ။ ပေါင်မုန့် ၊
ပန်းသီး ၊ အေးစက်နေတဲ့ ပေါက်စီ
ဒါတွေပဲစားတာတွေ့ရသည် ။ ဒါကြောင့်
Taemin ကို ဒီနေ့Soekjin ကို
Canteen ကိုအပါခေါ်လာရန် စည်းရုံး
ခိုင်းရတော့သည် ။

သုံးယောက်အတူတူ canteen
ရောက်လာရင်း Soekjin က
ပါလာတဲ့ ထမင်းချိုင့်ပဲစားမှာ
မို့လို့ ခုန်မှာထိုင်စောင့်နေသည် ။
Taemin နဲ့ Taehyung က
စားမယ့် အစားအသောက်တွေရွေး
ထည့်နေတယ် ။

" Soekjin ငါဟင်းတွေ
ပိုတောင်းလာတယ် လိုရင်
ငါ့ဆီက ယူစားနော် "

The Truth Untold Where stories live. Discover now