၂၆

21K 2.8K 13
                                    

(Unicode)

February လကုန်လို့ ကျောင်းတွင်း basketball ပြိုင်ပွဲကစလေပြီ။ Third MB နှင့် Final part I ပွဲစဉ်နေ့တွင်မှ သွားကြည့်ရန်စဉ်းစားထားကြရာ ကျော်ကျော်ကပါအကြံတူ ဉာဏ်တူ။ Physics အတန်းချိန်အပြီး ပစ္စည်းသိမ်းနေရင်းမှ စကားပြောဖြစ်ကြသည်။

"အတန်းလစ်တာတွေ အရမ်းများနေတော့မှာပဲ"

ခွန်နှောင်းက ညည်းညူသလိုပြောတော့ ကျော်ကျော်က ရယ်သည်။

"မမကပြောတယ် first year ပဲလစ်လို့ကောင်းတာတဲ့၊ ဒါနဲ့ အဲ့လက်ကိုင်ပုဝါ ဘယ်တော့ပြန်ပေးမှာလဲ"

ခွန်နှောင်း ဘောပင်အိတ်ထဲမှ ထွက်ကျလာသော လက်ကိုင်ပုဝါဖြူဖြူ။

"အကို စဝ်စံဦးသာက မှန်းရခက်တယ်၊ မမပြောဖူးပုံအရ ရှမ်းမျိုးရှမ်းနွယ် ဆွေကြီးမျိုးကြီးတဲ့၊ မင်းကိုပြန်ပြီး မှတ်မိသွားရင်တောင် သူ့ဘက်က ရွေးဖို့မလွယ်တဲ့အခြေအနေလေ"

"ငါ .. ငါ အဲ့လောက်ထိ မစဉ်းစားခဲ့ပါဘူး၊ ဒီတိုင်း ပြန်တွေ့လို့ ဝမ်းသာသွားရရုံလေးတင်ပါပဲ"

"မင်းပြောဖူးပုံအရ မင်းမဟုတ်တဲ့ သျှန်ခွန်နှောင်းက တကယ်အသွက်လေးပဲ၊ မင်းလည်းအခု မင်းဘက်ကစလေ"

"ဟင်း ..မဖြစ်နိုင်ပါဘူး ကျော်ကျော်ရာ၊ ဒီတိုင်း .. ငါက ဒီတိုင်း ဆောင်းအိပ်မက်လေးလို သိမ်းထားချင်ရုံလေးတင်၊ အဆုံးသတ်မလှတဲ့ အိပ်မက်တွေကို လက်တွေ့အထိ ခေါ်မလာချင်ဘူး"

"မင်း အိမ်ကိုမပြောပြဘူးလား"

"ငါ့မိဘတွေက ငါ့ကိုယုံကြလိမ့်မယ် မထင်ဘူး၊ မေ့နေတဲ့ နှစ်ရက်အတွင်းမှာ မိုင်းပွန်ကို ဘယ်လိုရောက်သွားမှာလဲဆိုပြီး သူတို့က တွေးနေကြမှာ"

"ဆရာဝန် ဒါမှမဟုတ် စိတ်ပညာရှင်နဲ့ တွေ့ကြည့်ရင်ရော"

ဤ အချက်ကို ခွန်နှောင်းစဉ်းစားခဲ့ဖူးသည် ။
စိတ်ပညာအကြောင်းနားလည်သော တစ်စုံတစ်ယောက်ကို သေချာ ဖွင့်ထုတ်ပြနိုင်လျှင် ..

"မင်းနဲ့သိတဲ့ ဆရာဝန်ရှိလား"

"ရှိပါ့ ... ငါ့ယောက်ဖလေ အဟဲ၊ နှင်းဆီထင်လင်းရဲ့ ချစ်သူ၊ အဲ့အကိုနဲ့ ချိတ်ပေးမယ်"

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now