အပိုင်း ၃

523 56 3
                                    

Zawgi

"ဦးလေးကြီး”

မျက်လုံးမှေးမှေးလေးကို ဝိုင်းနေအောင်ပြူးထားသည့်
ကောင်လေးကို ပြုံး၍ကြည့်သော်ငြား ထိုကောင်လေး
ကတော့မလိုချင်သော မျက်လုံးတွေနှင့်သာ။

"ချာတိတ်”

"မားမီဒီဦးလေးကြီးက ဘာလာရှုတ်ထာလဲ…”

"သားပြန်ရောက်နေပြီကိုး လာသာလာ အဲ့ဒီ့ဦးလေးကြီး
မာမီ့ပန်းချီတွေကို ဝယ်မလို့လေသားရဲ့ သားအခုအိပ်ခန်းထဲသွားနေလိုက်နော်”

အိမ်ထဲတွင်အစာပြေမုန့်စားခြင်သော်ညား ထိုလူကြီးကြောင့်ယခုတော့မုန့်ငတ်လေသည်။ စိတ်ညစ်
စွာပင်အပေါ်တတ်ဖို့ပြင်ရလေတော့သည်။

"ဟုတ်မာမီ”

သူ့အမေအပြောကိုမကျေနပ်သော်ညား စူစူအောင့်အောင့်
ဖြင့်လှေကားဆီတတ်ဖို့ပြင်နေလေသည်။ ကိုယ့်မှာလည်း
ထိုကောင်လေးကို မျက်စိရှေ့ကအပျောက်မခံနိုင်၍ ဉာဏ်နီဉာဏ်နက်ကိုထုပ်သုံးရလေသည်။

"ချာတိတ်နဲ့ကရွာမှာကတည်းကမြင်ဖူးတာပါ ဆရာဝန်
မင်ယွန်းဂိရဲ့ဇနီးမဟုတ်လား”

"အာ ကျွန်မအမျိုးသားနဲ့သိတာလား ဒါဆိုဂျွန်းနီးကို
အပြင်မှာထားလည်းအဆင်ပြေတယ်ပေါ့နော်”

"ရပါတယ်ဗျ စိတ်အနှောက်အယှက်မဖြစ်ပါဘူး”

"ဒါဆိုဂျွန်းနီးသားအဆင်ပြေသလိုနေ မာမီပန်းချီတွေပြ
ဖို့သွားယူလိုက်အုံးမယ် ဒီကကင်ဂျောင်ကုကိုလည်း
ကော်ဖီနဲ့မုန့်ဧည့်ခံထားလိုက်နော်”

"ဟုတ်မာမီ”

ထိုလူကြီးအပြောကြောင့် မုန့်ပြန်စားရမည်ဆိုသော်ညား
ဧည့်ခံရမည်ဟူသောအသိကြောင့် စိတ်ညစ်မိသည်။
အစကတည်းကမတည့်ပါဘူးဆိုနေ မာမီကလည်း
လာပြီးဧည့်ခံခိုင်း နေသေးတယ်လေ။ သူထိုလူကြီးနှင့်
မပက်သက်ခြင်ပါ ဘာမှန်းမသိတဲ့ခံစားချက်တွေကို
မုန်းလို့လေ။

Until The End (completed) Where stories live. Discover now