အပိုင်း (၁၄)

1.6K 205 10
                                    


( Unicode )

ဗီဒိုထဲက အဝတ်အစားအချို့ထဲကမှ ကိုယ်နဲ့ အဆင်ပြေလောက်မဲ့ Hoodie တစ်ထည်နဲ့ ဘောင်းဘီ တစ်ထည် ထုတ်ပြီး ကောက် ဝတ်လိုက်တော့သည် ... ခုဏကအဖြစ်အပျက်ကို ပြန်တွေး မိတော့လဲ ရှက်လိုက်တာ .. အဝတ်အစားမပါတဲ့ ခန္ဓာကိုယ်ကြီး သူမြင်သွားပြီ .. ရှက်လွန်းလို့ စကားတွေလမ်းကြောင်း လွှဲ ပြောနေ ပေမဲ့ ထိုအဖြစ်အပျက်ကြီးက ခေါင်းထဲကျန်နေလေသည် .. မလာတော့ဘူးပြောပြီး ဘာဖြစ်လို့ ရောက်လာတာလဲ ?? ပြီးတော့ ဒီ hyung ရဲ့ အရပ်က ကျနော့်လောက်မရှည်ပေမဲ့ ခန္ဓာကိုယ်ကတော့ တောင့်ပေသည် .. ရေချိုးခန်းထဲမှ ရေသံရပ် သွားတော့ ယောက်ယက်ခက်နေသည့် စိတ်ကို အမြန် ထိန်းချုပ် လိုက်ရသည် .. သူထွက်လာပြီး အဝတ်အစားလဲ ပြီးတော့

" မင်း ညစာ စားပြီးပြီလား "

" စားပြီးပြီ ခများရော "

" မစားရသေးဘူး training ကနေ တန်း လာတာမို့ ဘာမှ မစားရသေးဘူး "

" ခေါက်ဆွဲတော့ရှိတယ် စားမလား ကျနော် ပြုတ်ပေးမယ် "

" နေ .. နေ ငါ့ဘာသာ ပြုတ်လိုက်မယ် "

" ရပါတယ် ကျနော် ပြုတ်ကျွေးမယ် "

ကိုယ့်အတွက်က လွဲရင် ဘယ်သူ့အတွက်မှ ခေါက်ဆွဲ မပြုတ်ပေး ဖူးတဲ့ ကျနော်က ဒီ hyung အတွက် ကိုယ်တိုင် ထ လုပ်ပေး မယ်တဲ့လား Jungkook .. သေချာနေပါပြီ .. ယောကျ်ား တစ်ယောက်ကို စိတ်ဝင်စားတာ ဝန်ခံရတော့မည် ..
ကျနော် ပြုတ်ပေးတဲ့ ခေါက်ဆွဲကို အားရပါးရ စားနေရင်း

" နေ့လည်က shooting ရောက်လာတာလား "

" တမင်တကာကြီးမဟုတ်ပါဘူး အဲ့နား သွားစရာရှိလို့သွားရင်းနဲ့ လမ်းကြုံလို့ပါဆို "

" ဟုတ်ပါပြီ လမ်းကြုံလို့ပဲ ထားပါတော့ ..မီရားနဲ .. ဖုန်းကို မကြည့်လိုက်မိလို့ ရောက်လာတာ မသိလိုက်တာ တကယ် တောင်းပန်တယ်နော် "

" ရပါတယ် လမ်းကြုံလို့ လာတာပဲ မတွေ့လိုက်ရလဲ ဘာမှမဖြစ် ပါဘူး "

ဘာမှမဖြစ်ဘူးသာ ဆိုပေမဲ့ နေ့လည်က တော်တော် စိတ်တိုမိပြီး စိတ်မကောင်းဖြစ်သွားရတာ ကျနော်ပါ .. shooting လုပ်နေတုန်း ဗိုက်များ ဆာနေမလား ဘယ်လိုတွေ ပင်ပန်းနေလဲ မျက်နှာလေးလဲ တွေ့ချင်မိတာကြောင့် ကြက်ကြော်တွေ ဝယ်ပြီး တကူးတကရောက်သွားမိတာကိုတော့ ထုတ်မပြာတော့ပါ ..

မျဥ်းပြိုင်Where stories live. Discover now