အပိုင်း (၁၈)

1.5K 200 0
                                    


( Unicode )

ဒီလိုနဲ့  ကျနော် သိပ်ချစ်ရတဲ့ hyung သေးသေးလေးနှင့် ခွဲနေရတာ ၂လတောင် ကျော် လာပြီပေါ့ .. တခါတလေ အဆက်သွယ်ရလိုက် တစ်ခါတစ်ရံ တစ်ပတ်လောက် ပျောက်လိုက်နှင့် ၂ လ တောင် ကျော်လာပြီ နောက်တစ်ပတ်ဆို ပြန်ရောက်တော့မယ် .. တော်တော်လေး ပျော်နေပါသည် .. တွေ့မှ အတိုးချပြီး စိတ်ကြိုက်အလွမ်းသယ်ပစ်အုံးမယ် ..

•••••••••••••••••••••••••••••••••••••••••••••••

မနက်ဖြန် hyung ပြန်ရောက်မည့်နေ့ .. ညနေ လောက် ပြန်ရောက်မယ် လို့ စာပို့ ထားသောကြောင့် မနက်ဖြန် ကျောင်းသွား ပြီး ကျောင်းကအပြန် တိုက်ခန်းမှာ သွားစောင့်နေမယ်လို့ ချိန်းထား ပြီး ဖြစ်သည် .. တကယ်ဆို ရုပ်ရှင်တွေထဲကလို လေဆိပ်ကို လာကြို ချင်တာ .. အခြေအနေတွေက မပေးတာကြောင့် လူမသိ သူမသိပဲ တွေ့ရဦးမှာပေါ့လေ .. နောက်ဆုံး video call ပြောတုန်းကတော့ မျက်နှာလေး ချောင်ကျနေတာ တွေ့ရတယ် လူရော စိတ်ရော တအားပင်ပန်းနေတာ ဖြစ်ရမယ် .. သနားပါတယ် hyung လေး .. တွေ့မှ Energy တွေအပြည့်ဖြည့်ပေးလိုက် တော့မယ် .. တယောက်ထဲ အတွေးတွေနဲ့ ပျော်နေတော့သည် ..
ဒိည အိပ်ယာ စောစော ဝင်ဖြစ်တော့သည် .. သူလဲ အခုဆို flight စီးနေလောက်ပြီ .. နောက် ၁၈ နာရီ လောက်ဆို တွေ့ရတော့မည် .. အရမ်းလွမ်းနေခဲ့တာ ..
မနက်ကျောင်းသွားတော့လဲ လန်းလန်းဆန်းဆန်းနှင့်ပင် .. အတန်းလဲ အကုန် လိုက်တက်ပြီး စာတွေ လိုက်လုပ်နေတော့ သည် .. အရင်က bad guy လေးက အခုဆို hyung ကြောင့် good guy လေး ဖြစ်နေပြီပေါ့ ... သိပ်ချစ်တယ် hyung ရေ ... ဘဝမှာ တစ်ခါမှ ယောကျ်ားတစ်ယောက်ကို ဒီလောက် ချစ်မိမယ်လို့ မထင်ထားမိခဲ့တာ အမှန် ..

ညနေ ကျောင်းဆင်းတော့ ကျနော်တို့ရဲ့ စံအိမ် ( တိုက်ခန်း) လေးဆီ ထွက်လာခဲ့တော့သည် .. flight က ၆ နာရီ ဆိုက်မယ် ပြောတယ် .. အိမ်ပြန်တာနဲ့ လုပ်စရာ ရှိတာ လုပ်ပြီးမှဆို ၈ နာရီလောက်တော့ သူ ရောက်မှာပေါ့ .. ကျနော်ကတော့ ကျောင်းဆင်းပြီး ၄ နာရီထဲက တိုက်ခန်းကို ရောက်နှင့်ပြီး ဖြစ်သည် .. တိုက်ခန်းလဲ လူမနေတာ ကြာပြီမို့ ဖုန်တွေတက် နေတာကြောင့် တစ်အိမ်လုံး သန့်ရှင်းရေးတွေ လုပ်နေလိုက်သည် .. ပြီးတော့ သူလာရင် dinner လေး စားရ အောင်လို့ steak လုပ်ရန်ပြင်ဆင်ထားသည် .. ဝိုင် ပုလင်းကလဲ အဆင်သင့် .. ဖယောင်းတိုင်လေး အချို့လဲ ပြင်ဆင်ထားလိုက် တော့သည် .. အချိန်က ၆ နာရီ လောက်ရှိပြီဆိုတော့ hyung တော့ korea ကိုပြန်ရောက်လောက်ပြီပေါ့ .. ဒါပေမဲ့ သူအိမ်ပြန်ပြီး လုပ်စရာ ရှိတာ လုပ်ပါစေလေ .. ဆိုပြီး ဖုန်မဆက်တော့ဘဲ message လေးသာ ပို့ထားလိုက်တော့ သည် ..

မျဥ်းပြိုင်Where stories live. Discover now