Page-1

808 72 3
                                    

Unicode Version:

အိုလက်ကာမာပြည်..။

အိုလက်ကာမာပြည်သည် အနောက်ကျွန်းဆွယ်၏ တောင်ဘက်အကျဆုံးတွင်တည်ရှိသော ပြည်နယ်လေးတစ်ခုဖြစ်သည်။
အနောက်ကျွန်းဆွယ်အင်ပါယာ၏ လက်အောက်ခံ ပြည်နယ်လေးဖြစ်သော်ငြားလည်း ပြည်မကြီးကဲ့သို့ စည်ပင်ဝပြောသည်။
ဒေသခံများက စည်းလုံးကြကာ သာယာစိုပြေလှသည်။
အိုလက်ကာမာကို အစိုးရသော နယ်စားမင်းသည် ဟင်နရီ(Henry)သည်လည်း အုပ်ချုပ်ရေးကောင်းသူဖြစ်သည့်အလျောက်
ပြည်သူအပေါင်း ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြသည်။

ထိုသို့သော ပြည်နယ်လေးသို့ ဧကရာဇ်မင်းမြတ်၏ ကြေညာချက်ရောက်လာချိန် တစ်ခုသော နံနက်ခင်း၌ဝယ်...

"ဂျယ်ရမီ..ထတော့..
ဂျယ်ရမီ..ထပါတော့ဆို..."

နာဗီရာ(Navia)တစ်ယောက် ကုတင်ပေါ်တွင်
ဂျယ်ရမီရှိမယ်ဟု တထစ်ချယုံကြည်ကာ သားမွေးစောင်ကို ဆောင့်ဆွဲချလိုက်ချိန်တွင်တော့..

"ဟင်..ဘယ်ရောက်သွားတာလဲ!"

တစ်ခဏမျှတွေဝေသွားပြီးနောက် နာဗီရာ ချက်ချင်းပင် သတိရသွားကာ..

"ဟာ...အဲ့ကို ထပ်သွားပြန်ပြီ ထင်တယ်!"

နာဗီရာအပြေးပဲ ထသွားကာ နန်းဆောင်အတွင်းမှ ခိုးထွက်လာခဲ့သည်။
ထို့နောက် ဂျယ်ရမီ တစ်ခါခေါ်သွားဖူးသော
လူကုံထံစျေးအတွင်းရှိ တူရိယာပစ္စည်းဆိုင်အတွင်းသို့ အရောက်သွားလိုက်သည်။

ကလင် ခနဲ မြည်သွားသော ဘဲလ်သံလေးက
နာဗီရာတံခါးကိုတွန်းဖွင့်လိုက်သည်နှင့်
တစ်ပြိုင်နက် ထွက်ပေါ်လာသည်။
ဆိုင်ထဲသို့ဝင်ဝင်ချင်း လက်ဖြစ်တူရိယာများက နာဗီရာ၏ အာရုံကိုဖမ်းစားနေသည်။
သို့သော်..

"ဂျယ်ရမိုင်းယား!!"

"အား...နာဗီရာ! ဖြေးဖြေးအော်ပါ"

နာဗီရာအနားသို့ နားစည်နှစ်ဖက်ကို ခပ်ဖြေးဖြေးပွတ်ရင်း စူပွပွနှင့် လျှောက်လာပါသော ဤမည်သော နံနက်ခင်း၏အလှတရားသည် နယ်စားမင်း ဟင်နရီ၏ သားတော်
ဂျယ်ရမိုင်းယား(Jeremiah)ပင် ဖြစ်သည်။

ဂျယ်ရမိုင်းယားလျှောက်လာသည်ကို မြင်သည်နှင့် ဆိုင်အတွင်းရှိ လူအပေါင်း၏အာရုံသည် ဂျယ်ရမိုင်းယားထံတွင်သာ ကပ်ငြိကုန်ကြ၏။
တစ်ခါပြုံးလျှင် တစ်ဖက်တည်းသာ ပါသောပါးချိုင့်က ကိုယ်ထင်ပြလာသည်။
နှင်းပွင့်ပမာ ဖြူစွတ်၍ မုန့်ညက်ပမာ အိစက်နူးညံ့သော အသားအရည်သည် ထိုအလှနတ်ဘုရား၏ ကျက်သရေအား ပါရမီဖြည့်ပေးနေသည်။
ပန်းပေါင်းတစ်ထောင်၏ ရနံ့နှင့်ထပ်တူကျသော ကိုယ်သင်းရနံ့သည် ဒီလိုပြီးပြည့်စုံတဲ့ယောက်ျားကို လိုချင်တပ်မက်စိတ်များ
တဖွားဖွားဖြစ်စေလာသည်။

Concubine(Hiatus)Where stories live. Discover now