Page-3

479 55 10
                                    

Unicode Version:

"ဆိုဆက်စ်မှ အမ်မလီယာ ဝင်ခွင့်ပြု..."

အရှေ့မှ ရထားလုံး နန်းတော်တွင်းသို့ ဝင်သွားပြီးသည့်နောက်
ဂျယ်ရမီလိုက်ပါစီးနင်းလာသော ရထားလုံးလေးသည်လည်း နန်းတော်ဂိတ်ဝဆီသို့
ရောက်ရှိလာလေသည်။

"အိုလက်ကာမမှ ဂျယ်ရမိုင်းယား ဝင်ခွင့်ပြု.."

ဂျယ်ရမိုင်းယားဟူသော အမည်ကြောင့်
အားလုံး တီးတိုး ၊ တီးတိုးဖြစ်သွားကြသည်။
"ယောက်ျားလေးလား.."

"ယောက်ျားလေးက ဘယ်လိုလုပ်ကြင်ယာတော်ဖြစ်နိုင်မှာလဲ"

"အရှက်မရှိဘူးလား.."

"ဘယ်လောက်တောင်လှနေလို့လဲ"
ဟူ၍အစချီသော အတင်းအဖျင်းစကားများသည်လည်းတစ်ခဏချင်းပင် တစ်ဟုန်ထိုး ပျံ့နှံ့လာလေတော့သည်။

"ငါကရော လာချင်လွန်းလို့လာတယ်ထင်နေကြလားမသိဘူး"

ဂျယ်ရမီ၏ ရှည်လျားလှသော သက်ပြင်းချသံလေးလေးကြီးအား နာဗီရာ သတိထားမိသွားသည်မို့ ခေါင်းကို ရထားလုံး၏ ပြတင်းပေါက်နားသို့ ကပ်လိုက်ရင်း...

"သူတို့ပြောတာကို ဂရုစိုက်မနေနဲ့..
ဒီလိုပြောလို့ နင်စိတ်သက်သာရာရမလားတော့မသိပေမယ့် နင်ကအလှဆုံးပဲ..
သူတို့နဲ့ယှဥ်ရင်.."

ဂျယ်ရမီ စိတ်မပါလက်မပါပြုံးပြလိုက်ကာ
လိုက်ကာစပေါ်တွင်တင်ထားပါသော နာဗီရာ၏လက်အား ရိုက်ချလိုက်သည်။

"ငါကဘာလို့ သူတို့နဲ့ယှဥ်ရမှာလဲ..ငါကယောက်ျားလေးလေ...လှတယ်ဆိုတာထက်
ချောတယ် ခန့်ညားတယ်ဖြစ်သင့်တယ်မဟုတ်ဘူးလား"

ရုတ်ချည်းရထားလုံးရပ်တန့်သွားပြီဖြစ်၍ စကားစသည်လည်း ပြတ်တောက်သွားခဲ့သည်။
ရထားလုံးရပ်သွားပြီဆိုမှတော့ ဂျယ်ရမီသည်လည်း အခြားသူများနည်းတူ ဆင်းလာခဲ့သည်။မြေပြင်နှင့် ခြေဖဝါးထိထိချင်းမှာပင်
အကြာကြီးထိုင်လာရသည်ဖြစ်၍ အညောင်းမိနေသည်ကို ဖြေလျော့ရန် အကြောကို ဆန့်ချလိုက်လေသည်။

"အား..ကောင်းလိုက်တာ..."

အကျယ်ကြီးပြောလိုက်ခြင်း မဟုတ်သော်လည်း နန်းရင်ပြင်ရှေ့အကြောဆန့်နေသည့်ပုံက မြင်မကောင်းရှုမကောင်းသည်ဖြစ်၍ နာဗီရာ မျက်စပစ်ကာ မျက်နှာရိပ်မျက်နှာကဲ ပြလိုက်သည်။
"ဘာဖြစ်လဲ..."

Concubine(Hiatus)Where stories live. Discover now