Page-4(Chapter-1 completed)

764 76 20
                                    

Unicode Version:

မဒမ် ပေါ်လီနာ၏ အကြည့်စူးစူးတို့ကြောင့်
အမ်မလီယာ၏အပြုံးမှာ အခုနလောက်
အသက်မဝင်တော့ဘဲ လျော့ရဲကျသွားလေသည်။

"မျက်နှာမော့ပေးပါ.."

အပျိုတော် မိန်းကလေးတစ်ယောက်က
ရှေ့သို့ တက်လာကာ အမ်မလီယာ၏ မျက်နှာအား ကြိမ်တံနှင့်ပင့်တင်လိုက်သည်။
ရုတ်တရက်မို့ အမ်မလီယာလန့်သွားကာ
လက်စွဲတော်အပြုံးပန်းပင် မမြဲနိုင်တော့..။

"နှာတံမြင့်တယ် ၊ မျက်လုံးမျက်ဖန်ကောင်းတယ်။ မျက်ခုံးနက်ပြီး အပြုံးလှတယ်။"

အပျိုတော်၏ သုံးသပ်ချက်အဆုံး မဒမ်ပေါ်လီနာ၏ အကြည့်တစ်ချက်ထပ်မံကျရောက်လာပြီးနောက်

"မျက်နှာအတွက် ၉မှတ်"

အမ်မလီယာ အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားသည်။
မိမိမျက်နှာအနေအထားကို အမှတ်ပေးအကဲဖြတ်နေသော အခြင်းအရာအား နားမလည်နိုင်အောင်ဖြစ်နေမိ၏။

"ဝတ်ရုံချွတ်ပေးပါ"

"ရှင်...?"

အမ်မလီယာ ပါးစပ်အဟောင်းသားဖြစ်သည်အထိ အံ့သြမိသွားသော်လည်း
အံ့သြမှုသည် ကြာရှည်မခံလိုက်။
အပျိုတော်နှစ်ယောက်တွင် မိမိ၏ သားမွေးဝတ်လုံအားအတင်းပင် ဆွဲချွတ်နေသောကြောင့်ပင်။

"ခဏ..အာ့"

အလွန်သွက်လက်လှသော ထိုမိန်းမငယ်နှစ်ယောက်လက်ထဲသို့ အမ်မလီယာ၏ အပေါ်ဝတ်လုံများ အကုန်ဆွဲလုယူသွားခြင်း
ခံလိုက်ရကာ..
အမ်မလီယာ ကိုယ်ပေါ်တွင် အတွင်းဝတ်
အလွှာပါးလေးတစ်ထည်သာ ကျန်ခဲ့တော့လေသည်။

"လက်တွေမြှောက်ပြပါ။"

မဒမ်ပေါ်လီနာ၏ အမိန့်သံနှောသော တောင်းဆိုမှုကြောင့် အမ်မလီယာ လက်ဖမိုးအားမြှောက်ကာ မျက်နှာနားသို့ မြင်သာအောင်
ကပ်ထားလိုက်သည်။
မဒမ်က မျက်မှန်ကိုပင့်ကြည့်ပြီးနောက်
စာရွက်ပေါ်တွင် တစ်စုံတစ်ခုချရေးကာ..

"ဆံပင်ကို လှန်တင်ပြီး လည်ဂုတ်ကိုမြင်သာအောင်ပြပေး.."

အမ်မလီယာ လန့်လည်းလန့်လာတာကြောင့်
မဒမ်ပေါ်လီနာပြောသလို အနောက်သို့လှည့်လိုက်ကာ ဆံပင်ကိုမ,တင်၍ လည်ဂုတ်ကို မြင်သာအောင် ခေါင်းငုံ့ပေးလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Apr 30, 2021 ⏰

Add this story to your Library to get notified about new parts!

Concubine(Hiatus)Where stories live. Discover now