Page-2

507 62 6
                                    

Unicode Version:

ဒေါက်..ဒေါက်..

"ဝင်ခဲ့.."

အထဲမှ စိတ်ပျက်လက်ပျက်နှင့် ခွင့်ပြုသံထွက်ပေါ်လာပြီးနောက် နာဗီရာသည်လည်း တံခါးကိုဖွင့်ကာ အခန်းတွင်း ဝင်သွားလိုက်သည်။

"အဲ့လိုပဲနေနေတော့မှာလား..
မနက်သွားဖို့ အသင့်ပြင်ထားလေ.."

"ငါကဘာလို့ ပြင်ရမှာလဲ.."

နာဗီရာက ကုတင်ထောင့်တွင် ဒူးနှစ်ဖက်ထောင်ထိုင်ကာ စိတ်လက်မသာမယာနှင့် စူပုတ်ပုတ်ဖြစ်နေသော ဂျယ်ရမီ၏ အနားသို့
ချဥ်းကပ်သွားလိုက်ကာ နံဘေးတွင် ဝင်ထိုင်လိုက်သည်။

"အဲ့ဒါ အဓိပ္ပါယ်ရှိလို့လား...ငါက ကြင်ယာတော်ဖြစ်ရမယ်တဲ့! ကြင်ယာတော်ဆိုတာ
မိန်းကလေးတွေလုပ်တာလေ...
ငါက​ယောက်ျားလေးဟာ..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!"

"ဟင်?..နင်မကြားဖူးဘူးလား.."

ဂျယ်ရမီ သူ့အားမျက်လုံးအဝိုင်းသားလေးနှင့် ကြည့်လာသော နာဗီရာကို မျက်လုံးထောင့်ကပ်ကြည့်လိုက်ရင်း..

"ဘာကိုလဲ..."

"ဧကရာဇ်က ယောက်ျားရော မိန်းမရော လှရင် အကုန်ကြိုက်တယ်တဲ့.."

"ဟမ်? ဘယ်လို...!"

ဂျယ်ရမီ အံ့သြမှုကြောင့် ပါးစပ်ပင်မစိနိုင်အောင် ဖြစ်သွားသည်။

"အနောက်ကျွန်းဆွယ်ကို အဲ့ဧကရာဇ် အက်စ်မိုးဒီးယပ်စ် ပိုင်လာပြီးကတည်းက
ဒီကျွန်းဆွယ်မှာ မဖြစ်နိုင်တဲ့အရာဆိုတာ
မရှိတော့ဘူးတဲ့..။
ဘုန်းတန်ခိုးကြီးမားလွန်းလို့ နတ်သူငယ်တွေကပါ လာဦးညွှတ်ကြရတယ်ပြောနေကြတာ.."

"အဲ့ဒါတော့ ငါလည်းသိတယ်လေ.."

နတ်သူငယ်မျိုးနွယ်များသည် ဒဏ္ဍာရီနှစ်ပေါင်းထောင်ချီကြာအောင် တည်ရှိခဲ့သော
အနောက်ကျွန်းဆွယ်၏ အစောင့်အရှောက်များဖြစ်ကြသည်။
လူသဏ္ဍာန်ဖန်ဆင်း၍ နေရာအနှံ့လျှောက်သွားနိုင်ကြသော်လည်း သူတို့၏ ပုံသဏ္ဍာန်
အမှန်သည် အတောင်ပံသေးသေးလေးများရှိသည့် လူသေးသေးလေးများဖြစ်ကြသည်။

အနောက်ကျွန်းဆွယ်၏ အစောင့်အရှောက်များ ဖြစ်လင့်ကစား တန်ခိုးကြီးသော အင်ပါယာပေါ်ထွန်းချိန်တွင် ကိုယ်ထင်ပြတတ်ကြကာ ဧကရာဇ်အရိုက်အရာကို ထိုက်တန်ကြောင်း လာရောက်အပ်နှင်းတတ်ကြသည်။

Concubine(Hiatus)Unde poveștirile trăiesc. Descoperă acum