ပဏာမနိဒါန်း

1.5K 54 0
                                    

ထန်ဂိုဏ်းရဲ့ အပြင်ဆောင်တပည့် ထန်စန်းဟာ အတွင်းဆောင်တပည့်တွေသာ သင်ကြားနိုင်တဲ့ လျှို့ဝှက်ပညာရပ်တွေကို ခိုးယူသင်ကြားပြီး ထန်ဂိုဏ်းရဲ့ ခွင့်မလွှတ်နိုင်တဲ့ပြစ်မှုကို ကျူးလွန်ခဲ့ပါတယ်။ ထန်စန်းဟာ သူ့ရဲ့အပြစ်အတွက် သူကိုယ်တိုင်ပဲချောက်ကမ်းပါးကနေ ခုန်ချပြီး ပေးချေလိုက်ပေမယ့် မသေဘဲ တစ်ခြားကမ္ဘာတစ်ခုမှာ တစ်ခြားခန္ဓာကိုယ်တစ်ခုနဲ့ ပြန်လည်မွေးဖွားနေတာကို တွေ့ရှိလိုက်ရပါတော့တယ်။

ထိုကမ္ဘာကတော့ သိုင်းဝိဉာဉ်စွမ်းအားများ မင်းမူသောအရပ် , အမည်နာမသည်ကား " သုန့်လော်နယ်မြေ " .......
ယင်းနေရာသည် နတ်ဝိဇ္ဇာဆိုသည်
မရှိ...အတွင်းအားဆိုသည်မှာ နတ္ထိ.....
သိုင်းပညာဆိုသည်မှာ အဘယ်ရယ်
မသိ......တိုက်ခိုက်ရေးစွမ်းရည်ဟူသည်လည်း မရှိ.....တစ်ခုတည်းသော တည်ရှိနေသည့်အရာမှာ....မှော်တန်ခိုးရှိသည့် သိုင်းဝိဉာဉ်များသာ..........
ထိုနေရာမှ လူအများဟာ အသက်၆နှစ်ပြည့်လျှင်ပြည့်ခြင်းပင် သိုင်းဝိဉာဉ် နန်းတော်အတွင်း၌ မိမိ၏သိုင်းဝိဉာဉ်များကို နိုးထလာအောင်ပြုလုပ်ရပေ၏။ သိုင်းဝိဉာဉ်များကို သားရဲသိုင်းဝိဉာဉ်၊ အပင်သိုင်းဝိဉာဉ်၊ လက်နက် သိုင်းဝိဉာဉ်ဟူ၍ခွဲခြားထားပြီး ထိုမှတစ်ဖန် အသုံးမဝင်သော သိုင်းဝိဉာဉ်နှင့် သာမန်သိုင်းဝိဉာဉ်ဟုဆိုတာ ထပ်မံခွဲခြားထားပြန်သည်။ သိုင်းဝိဉာဉ်တွေက လူတစ်ယောက်ရဲ့နေ့စဉ်ဘဝကိုကူညီပေးနိုင်သည်။ ထိုအထဲမှ ထူးခြားပြောင်မြောက်တဲ့ သိုင်းဝိဉာဉ်ရှိသူတို့သည် ဆက်လက်လေ့ကျင့်ပြီး ယှဉ်ပြိုင်တိုက်ခိုက်၍ရပေသည်။ ယခုဇာတ်ကြောင်းမှာကား
သုန့်လော်နယ်မြေထက်က  စွမ်းအားအကြီးဆုံးသော အရေးအပါဆုံးသော ......သိုင်းဝိဉာဉ်ဝိဇ္ဇာ တစ်ယောက်
၏ အကြောင်းပင်ဖြစ်ပေတော့ သည်..........

သိုင်းဝိဉာဉ်တို့စစ်ခင်းရာမြေ (Douluo Dalu) မြန်မာဘာသာပြန် (Zawgyi)Where stories live. Discover now