အဖွင့် : ထန်တတိယသခင်လေး နောက်တစ်ဘဝသို့ ကူးပြောင်းခြင်း

654 28 2
                                    

းရှု, ကောင်းကင်ဘုံတမျှ ခမ်းနားလှပလွန်းပါသည်ဟူသော ဝိသေသများနှင့် လွှမ်းခြုံနေသည့်ပြည်နယ်....

ယင်းပြည်နယ်တွင် ကလေးအစခွေးအဆုံး အကုန်မသိသူမရှိသော နာမည်ကျော်ဂိုဏ်းမှာ ထန်ဂိုဏ်းဖြစ်ပြီး ၄င်းဂိုဏ်းကို ပြည်နယ်တွင်း ရှိရှိသမျှဂိုဏ်းအားလုံးမကျော်လွှားနိုင်ကြပေ။

ထန်ဂိုဏ်းတည်ရှိသောနေရာဌာနသည် ကား လျှို့ဝှက်ဆန်းကြယ်လွန်းလှပေသည်။ လူအများသိထားသည်မှာကား ထန်ဂိုဏ်းသည် တောင်ခါးပန်းစွန်းတွင်တည်ရှိနေသည်ဟူ၍သာဖြစ်ပြီး
ယင်းတောင်တွင်ရှိသော ချောက်ကမ်းပါးသည် အများသူငှာအား ကြားရရုံနှင့်ပင် ထိတ်လန့်သွေးပျက်စေနိုင်သော အမည်နာမရှိလေသည်။
ထိုချောက်ကမ်းပါးအမည်မှာကား "တစ္ဆေသောက" ကမ်းပါးယံ.......

ထိုတစ္ဆေသောက ကမ်းပါးယံပေါ်မှ ကျောက်တုံးတစ်တုံးပစ်ချလိုက်မည်ဆိုပါက ယင်းကျောက်တုံးနှင့် တောင်အောက်ခြေတို့ ထိခတ်ရာမှ
ထွက်ပေါ်လာသည့် ပဲ့တင်သံကိုကြားရရန် ၁မှ ၁၉အထိ ရေတွက်ရမည်ဖြစ်သည်။ ဤအခြင်းအရာကို
ကြည့်ခြင်းအားဖြင့် ချောက်ကမ်းပါးမှာ မည်မျှမြင့်သည်ကို သိရှိနိုင်ပေသည်။ ထို(၁၉)စက္ကန့်အကြာမှ ပဲ့တင်သံထွက်လာသောကြောင့်*ငရဲအလွှာ (၁၈)လွှာ*ထက် သာလွန်၍ကြောက်ဖို့ကောင်းသည်ဟုဆိုကာ တစ္ဆေသောက ကမ်းပါးယံဟူသောအမည်ကိုရရှိလာခြင်းဖြစ်သည်။

(* ငရဲအလွှာ (၁၈)လွှာ*= တရုတ်၏ ဒဏ္ဍာရီလာ ငရဲ၁၈လွှာ, အမျိုးမျိုးသော တစ္ဆေ,သရဲ,မ​ကောင်းဆိုးဝါးများကို အပြစ်ပေးရာ မြေအောက်ကမ္ဘာ )

(* ငရဲအလွှာ (၁၈)လွှာ*= တရုတ်၏ ဒဏ္ဍာရီလာ ငရဲ၁၈လွှာ, အမျိုးမျိုးသော တစ္ဆေ,သရဲ,မ​ကောင်းဆိုးဝါးများကို အပြစ်ပေးရာ မြေအောက်ကမ္ဘာ )

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"တစ္ဆေသောက ကမ်းပါးယံ"

မီးခိုးရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသောလူငယ်လေးတစ်ဦးဟာ
တစ္ဆေသောကကမ်းပါးယံထိပ်ဝယ်
မားမားမတ်မတ်ရပ်လျက်သား........
အရိုးထဲထိစိမ့်အောင်ခိုက်ခိုက်တုန်အေးစက်လှပါသော တောင်ပေါ်လေပြင်းမှာ သူ့အားအနည်းငယ်သော်မျှ ရွေ့လျားသွားအောင် မစွမ်းဆောင်နိုင်ရှာ........

သိုင်းဝိဉာဉ်တို့စစ်ခင်းရာမြေ (Douluo Dalu) မြန်မာဘာသာပြန် (Zawgyi)Where stories live. Discover now