အပိုင်း(၁) : အပိုင်းခွဲ (၃+၄)

127 9 0
                                    

သို့လော်နယ်မြေ
အခြားကမ္ဘာမှ ထန်စန်း (တတိယပိုင်း+ စတုတ္ထပိုင်း)

တတိယပိုင်း

ထန်စန်းအသာအယာခေါင်းငြိမ့်လိုက်သည်။ပန်းပဲဆရာဟူသည်မှာသူလျှို့ဝှက်လက်နက်သွန်းလုပ်ရန် အသင့်တော်ဆုံးအလုပ်ပင်ဖြစ်သည်။

"ဖေဖေကအသက်ကြီးပြီလေ နောင်နှစ်နည်းနည်းကြာလို့ ကျွန်တော်အရွယ်ရောက်လာရင် ဖေဖေကကျွန်တော့်ကို မီးဖိုချောင်သုံးပစ္စည်းလုပ်နည်းသင်ပေးပြီး ဖေဖေရဲ့အလုပ်ကိုကျွန်တော့်ဆီ လွှဲပေးလိုက်ပေါ့"

အရင်အချိန်ကသူလုပ်ခဲ့သမျှအရာအားလုံးမှာ အတိကျဆုံးသော လျှို့ဝှက်လက်နက်များကိုသာပြုလုပ်ခြင်းဖြစ်ပြီး ရိုးစင်းလှသည့်ပန်းပဲထုခြင်းကိုမူသူမလုပ်ဖူးခဲ့ပေ။

ထန်ဟောက်သည်အမှတ်တမဲ့ဖြင့်
ခပ်တိုးတိုးရေရွတ်လိုက်သည်:
"ပန်းပဲဆရာအလုပ်ဆိုလည်းမဆိုးပါဘူးလေ"
သူသည်ဟောင်းနွမ်းစုတ်​ပြတ်နေသော ထိုင်ခုံကိုဆွဲ၍ ထိုသံကြွပ်အပိုင်းအစများရှေ့၌ထိုင်ချလိုက်ရင်း နှေးကွေးလေးလံစွာဖြင့်
"ရှောင်စန်း(စန်းလေး)အဖေ့ကိုပြော
ဘယ်လိုပန်းပဲဆရာမျိုးကအကောင်းဆုံးပန်းပဲဆရာလဲ"

ထန်စန်းစဉ်းစားပြီးဖြေလိုက်သည်။
"နတ်ဘုရားလက်နက်တွေကိုထုလုပ်နိုင်တဲ့သူကအကောင်းဆုံးပန်းပဲဆရာပါ"

ဒီကမ္ဘာ၌နတ်ဘုရားလက်နက်များရှိသည်ဟူ၍ ရွာထဲမှလူများပြောသည်ကို သူတစ်ခါကြားဖူးသည်။နတ်ဘုရားလက်နက်ဟူသည် မည်သို့သောအရာမှန်း သူအတိအကျမသိသည့်တိုင်အောင်"နတ်ဘုရား"ဟူသောစာကားလုံးသုံး၍ခေါ်ဆိုနေသည့်အတွက် ထိုအရာသည်ဆိုးတော့ဆိုးလိမ့်မည်မဟုတ်ချေ။

ထန်ဟောက်၏ မျက်လုံးများလက်လာပြီး အနည်းငယ်ရယ်သွမ်းသွေးမှုများပင်ရောပါနေလေသည်။
" နတ်ဘုရားလက်နက်! ရှောင်စန်းလည်းနတ်ဘုရားလက်နက်ကိုသိနေတယ်ပေါ့ ဒါဆိုအဖေ့ကိုထပ်ပြောပါဦး နတ်ဘုရားလက်နက်ကဘယ်လိုလုပ်ရတာလဲ?"

ထန်စန်းမှာစဉ်းပင်မစဉ်းစားတော့ဘဲ ချက်ချင်းဖြေချလိုက်သည်။
" သေချာပေါက်အကောင်းဆုံးပစ္စည်းတွေကိုသုံးပြီးလုပ်တာပဲပေါ့"

သိုင်းဝိဉာဉ်တို့စစ်ခင်းရာမြေ (Douluo Dalu) မြန်မာဘာသာပြန် (Zawgyi)Where stories live. Discover now