အပိုင်း(၁) : အပိုင်းခွဲ (၁)

312 27 0
                                    

သို့လော်နယ်မြေ ,
အခြားကမ္ဘာမှထန်စန်း(ပထမပိုင်း)

သို့လော်နယ်မြေ, ထျန်းသို့
အင်ပါယာလက်အောက်ခံ အနောက်​တောင်ဘက်ရှိ ဖာစစ်နော့ပြည်နယ်.....

ရှန့်ဟွမ်(သူတော်စင်ဝိဉာဉ်)ရွာ.....
ထိုရွာ၏အမည်ကိုကြားမိလျှင်ထူးဆန်းလှသောနာမည်နှင့်ရွာပါတကားဟုတွေးမိမည်မှာအသေအချာပင်။ တကယ်တမ်းတွင်မူ၎င်းမှာ ဖာစစ်နော့ပြည်နယ် နော့သင်းမြို့တောင်ဘက်ရှိ အိမ်ခြေ (၃၀၀)ခန့်သာရှိသော ရွာလေးတစ်ရွာမျှသာ....
ရှန့်ဟွမ်(သူတော်စင်ဝိဉာဉ်)ရွာဟု အမည်တွင်ရခြင်းမှာ ဒဏ္ဍာရီပြောစကားများအရ လွန်ခဲ့သောနှစ်(၁၀၀)ခန့်က ဤရွာ၌ သူတော်စင်အဆင့်ရှိသော သိုင်းဝိဉာဉ်ဝိဇ္ဇာ
တစ်ယောက် ပေါ်ထွက်လာ၍ဖြစ်သောကြောင့်ဟုဆိုကြသည်။
ယင်းအကြောင်းအရာကပင်ရှန့်ဟွမ်ရွာ ၏ ထာဝရဂုဏ်ယူဖွယ်ရာ အကြောင်း ခြင်းရာတစ်ခု ဖြစ်လာပေသည်။

ရှန့်ဟွမ်ရွာ၏ အပြင်ဘက်တွင်မူကြီးမားကျယ်ပြန့်သော စိုက်ခင်းယာခင်းများကား လက်ညှိုးထိုးမလွဲ
တည်ရှိနေပေ၏။ ဤရွာအတွင်းမှ
ထွက်ရှိသော ကောက်ပဲသီးနှံများနှင့် ဟင်းသီးဟင်းရွက်များအား နော့သင်းမြို့သို့ ပို့ဆောင်ထောက်ပံ့ပေးရလေသည်။
နော့သင်းမြို့သည် ဖာစစ်နော့ပြည်နယ် အတွင်းတည်ရှိပြီး မြို့ကြီးဟု သတ်မှတ်၍မရသော်လည်း
ယင်းမြို့၏တည်နေရာမှာ
တခြားသော အင်ပါယာအုပ်စိုးသည့်ပြည်နယ်နှင့် နယ်နိမိတ်ဆက်စပ်လျှက်ရှိသည့်အတွက် စီးပွားရေးအရ နှစ်နိုင်ငံကူးလူးဆက်သွယ်နေသည့် ကုန်သည်များ ခြေချရာအရပ်ဖြစ်ပေသည်။
နော့သင်းမြို့ စည်ပင်ဝပြောလာသည်နှင့်အမျှ ယင်းမြို့ပတ်ပတ်လည်ရှိ ရွာလေးများအတွင်း၌ နေထိုင်သော သာမန်လက်လုပ်လက်စားများ၏ လူနေမှုဘဝသည်လည်း အခြားသောနေရာဒေသများထက် ပိုမို၍ ကောင်းမွန်လာပေတော့သည်။

မိုးသောက်ချိန်ရောက်၍ ကောင်းကင်ကြီး၏ အရှေ့ဘက်ယွန်းယွန်းတွင် အဖြူရောင် မှိန်ပျပျအလင်းရောင်များပေါ်ထွက်လာပေပြီ။ ရှန့်ဟွမ်ရွာနှင့်ကပ်လျက် မီတာ(၁၀၀)မြင့်သော တောင်ပူစာလေးပေါ်ဝယ် ပိန်ပါးကာသေးငယ်လှသည့် လူရိပ်လေးတစ်ခု.......

သိုင်းဝိဉာဉ်တို့စစ်ခင်းရာမြေ (Douluo Dalu) မြန်မာဘာသာပြန် (Zawgyi)Where stories live. Discover now