နှလုံးသားရပ်ဝန်းမှ ညှို့မျက်ဝန်းတစ်စုံ(U+Z)

5.7K 369 4
                                    

အပိုင်း (3)

"ဘယ်လိုကောင်လည်း မသိဘူးနော် ခေါင်းဆောင်က ဘာမှမပြောတော့ ရောက်တက်တာပေါ့"
"သြော် မင်းပဲ အပြောကောင်းတယ်နော် သူများရဲ့ အလုပ်ကဒ်ကို ကြည့်ပြီး ဝေဖန်နေတာတော့ ကောင်းလား ငါကိုတောင်မကောင်းတက်လို့ မပြောတာ မင်းသာ လုပ်စရာရှိတာ သွားလုပ် လေပေါမနေနဲ့ ခိုင်းထားတာတွေ ပြီးသွားပြီးလား ဒီနေ့အပြီးနော်"
"မပြီးသေးဘူး သွားလုပ်လိုက်အုန်းမယ် ခွင့်ပြုပါအုန်းနော် ဟဲဟဲ"
"ဟိုက ပြောသွားတာ နည်းတောင်နည်းသေးတယ် ကိုယ့်အလုပ် ကိုယ်မလုပ်ဘူးနော် သွားလုပ်တော့"
-----------------------------------------------------------

"ကျန်ကျန့်လေ အမကို ဂိုတောင်ထဲ သိမ်းထားတဲ့ တံဆိပ်တုံးလေး သွားယူပေး ပါအုံးနော် အမ လုပ်လက်စ တန်းလန်းကြီး ဖြစ်နေလို့နော်"
"ဟုတ်ကဲ့ ရပါတယ် အမရယ် ကျွန်တော် အခု သွားလိုက် မယ့်နော်" ကျွန်တော်လည်း ပြောပြီတာနဲ့ ဂိုထောင် ဘက်ကို ထွက်ခဲ့လိုက်တယ် ရုံးပစ္စည်း တော်တော်များကို လိုအပ်မှ ဂိုထောင်မှာ သွားထုတ်ရတယ် ဂိုထောင်ထဲ ရောက်တော့  ဝင်ပြီး တံဆိပ်တုံးကို ရှာဖွေလိုက်တော့ "ဟင်း ခါတိုင်းဒီမှာ ထားတာပါ အခု ဘာလို့မတွေ့တာပါလိမ့် "
ဟိုရှာ သည်ရှာလုပ်နေတဲ့ ကောင်လေးကို စဝင်လာထဲက လှမ်းတွေ့နေတာ ဒီကောင်လေး ဘာတွေရှာနေတာပါ့လိမ့် သွားမေးရင် ကောင်းမလား မကောင်းဘူးလား စဥ်းစား နေမိတယ် မထူးပါဘူးမေးလိုက်မယ်
"ဟိတ် ဟိုတစ်ယောက် ဘာတွေရှာ နေတာလဲ"
ကိုယ်အာရုံနဲ့ ကိုယ်ရှာဖွေနေတာနဲ့ ပတ်ဝန်ကျင်ကိုတောင် သတိမထားမိသလို ဖြစ်နေရာမှ အသံထွက်ပေါ် လာတာကြောင့်
"အမလေး"
ကိုယ်လေးတုန့်ပြီး ဒီဘက်လှည့်လာတဲ့ ကောင်လေးကို အခုမှ သေချာကြည့်ဖြစ် လိုက်တော့ ချစ်စရာကောင်းလေး တစ်ယောက်ပဲဟု မှတ်ချက် ချလိုက်မိတယ် မျက်နှာလေးက ဖြူပြီးနုနေတာ ကိုမှ လန့်သွားတော့ ပေါ်လာတဲ့ သွားတွေက ယုန်သွားလေးတွေနှင့် အောက်နှုတ်ခမ်းလေးက မှည့်လေးနဲ့ပါ ဆိုတော့ လန့်သွားတာတောင် ရုပ်မဆိုးသွားပဲ ပိုချစ်ဖို့ ကောင်းသွားသည် ကောင်လေးကို စချင်တာနဲ့
"ဟိတ် မေးနေတယ်လေ ဘာရှာနေတာလဲလို့ ကိုယ့် အရမ်းချောလို့ ငေးနေတာလား "
အဲဒီတော့မှ ရှက်ကိုးရှက်ကန်း ဖြစ်ပြီးတော့
"ဟို ကျန်ကျန့် က တံဆိပ်တုံးလေး လာရှာတာပါ"
"ဘာ ဒီဂိုထောင်က ဝင်ချင်တိုင် ဝင်လို့မရဘူးဆိုတာ မသိဘူးလားကွ"
ကျန်ကျန့် ဆိုတဲ့ ကောင်လေးရဲ့ မျက်လုံးလေးတွေမှာ မျက်ရည်တွေ ဝိုင်းပြီး ပါးစပ်က ပွစီပွစီ ပြောနေတယ် တကယ့်ကလေးလေးပဲနော် သူစတာလွန်သွားမှန်သိတယ် ဒါပေမဲ့ တည်တည်လေးဖြင့်
"တံဆိပ်တုံးရှာဖို့ဆို သွားရှာလေ ပြီးရင် မြန်မြန်ထွက် ပစ္စည်းတွေရှင်းနေတာ အန္တရာယ်များတယ် ပုံတွေဘာတွေ ပြုတ်ကျလာမှာ စိုးလို့ပြောတာ ပြီးရင်ထွက်တော့"
"ဟုတ်ကဲ့ "
လှည့်ထွက်သွားပြီး တံဆိပ်တုံးကို ရှာနေတဲ့ ကောင်လေးကို တစ်ချက် ကြည့်ပြီးပြုံး လိုက်မိတယ် ပြီးတော့မှ ကောင်လေးရဲ့မလှမ်းမကမ်းမှာ အလုပ်လုပ်နေ လိုက်တယ် ဂိုထောင်ထဲမှာ ရှုပ်ပွနေတာပဲ စနစ်တကျထားဖို့ ပြောရမယ် အကောင်တွေဘာတွေ တောင်ခိုအောင်းနိုင်တယ်
စက္ကူပုံး အဟောင်းတွေ ကိုရော အသစ်တွေပါ မညီမညာ ဟိုထွက်ဒီထွက်တွေ လုပ်ထားတယ် မတောတဆ တိုက်မိရင်တောင် ပြုတ်ကျလာ နိုင်တဲ့အခြေအနေပဲ "လုပ်ငန်းကြီးလုပ်ပြီး အသေးအဖွဲလေးတွေကို ပြစ်ထားတာပဲ ပြောရမယ် "
ဟိုကောင်လေးကို လှမ်းကြည့်တော့ ရှာနေ တာတွေ့သွားတဲ့ ပုံပဲ မသိချင်ယောင်ဆောင် နေလိုက်တယ် သူကိုသူ ကျန်ကျန့် လို့​ပြောတဲ့ ကောင်လေးက သူနားကို ပြန်လျှောက် လာနေတာကို မျက်လုံးထောင့်ကနေ တွေ့နေရတယ် သူ့အနားရောက်တော့ ရပ်သွားပြီး
"ဟိုလေ ကျန်ကျန့် ရှာနေတာတွေ့သွားပြီ အဲ့တာလေ ပြန်ထွက်ချင်လို့ပါ "
ခွင့်တောင်းနေတဲ့ ကောင်လေးကို ခေါင်းငြိမ့်ပြပြီး လမ်းဖယ်ပေး လိုက်တယ် ကျွန်တော်ဘေးကနေ ထွက်သွားတဲ့ကောင်လေး ကို တစ်ချက်လှမ်းကြည်ပြီး အလုပ်ဆက်လုပ်နေစဥ်
"ဟင်.... ကြွက်ကြီး အမလေး"
ငယ်ကတည်းက အန်တီကသူသားနဲ့ ရန်ဖြစ်လို့ဆိုပြီး မြေတိုက်ခန်းနဲ့တူပြီး အလင်းရောင်မဝင်ဘဲ အေးပြီးတော့ ဆိမ့်နေတဲ့ ဂိုထောင်ထဲမှာ ပိတ်ထားဘူးတယ် အဲ့ဒီ အထဲက ကြွက်ကြီးတွေက အကြီးကြီးရယ် ကြောင်ပေါက်ထက် နည်းနည်းပို့ကြီးပြီး ကျွန်တော်ကို လာပြီးကိုက်ကြတယ် ကျွန်တော်ကို တစ်ညလောက် ပိတ်ထားပြီး ပြန်လာ ဖွင့်ပေးတော့ နှစ်ရက်လောက် ကြောက်ဖျားဖျားခဲ့တယ် အဲဒီ ကတည်းက ကြွက်ဆို သေလောက်အောင် ကြောက်ခဲ့တယ် အခုလည်း ကြွက်မြင်ပြီး လန့်ဖြန့်ပြီး ခုန်လိုက်တာနှင့် နောက်တွင် မညီမညာ တင်ထားတဲ့ စက္ကူပုံကို တိုက်လိုက် သလို ဖြစ်သွားပြီး စက္ကူပုံးတွေက သူအပေါ်ကို တဘုန်းဘုန်းနဲ့ ကျလာပြီး ပိမိပြီးဟု ထင်လိုက်ပြီး မျက်လုံးကို အသေပိတ် ထားမိတယ် စက္ကူပုံများကျတာ ကုန်သွားပေမယ် တစ်ခုမှ သူကို မထိတာကို သတိထားမိပြီး မျက်လုံးဖွင့်ကြည့် လိုက်တော့ ခုနက တစ်ယောက်ရဲ့ ရင်ခွင်ထဲကို ရောက်နေတယ် ။ ကျန်ကျန့် ဆိုတဲ့ကောင်လေးက သူရင်ခွင်ထဲမှာ အံသြထိတ်လန့်နေတဲ့ မျက်ဝန်းကလေး တွေဖြင့်မော့ ကြည့်​နေတယ် ကျွန်တော် သူထိမှာစိုးရိမ်းပြီး ရင်ခွင်ထဲ ဆွဲထည့်လိုက်ပြီး ကျလာတဲ့ စက္ကူပုံးတွေကို့ သူ့အပေါ်ကနေ ကျွန်တော်ကိုယ်နဲ့ ခံပေးလိုက်တာပါ
ကောင်လေး ထိမိမှာ စိုးလို့ ကာကွယ်ပေးလိုက်တာ ခုထိ တစ်ယောက်ကို တစ်ယောက်အပြန်အလှန် ဖက်ထား မိနေ ကြသည် ပြီးမှလွှတ်ဖို့ကို သတိရကြတယ် ကောင်လေးက
"ကျန်ကျန့် တောင်းပန်ပါတယ် နာသွားလာ မသိဘူးနော် ဘယ်နာ ထိသွားတာလဲဟင် ကြွက်ကို တွေ့ပြီး ကြောက်သွား လို့ပါနှင့် လက်ကလေးတကားကာဖြင့် မျက်ရည်လေးတွေ ဝိုင်ပြီး ပြောနေလေသည်"
"ပထမတော့ ကောင်လေးကို ဆူဖို့ပါ ဒါတွေပြုတ်ကျတာ မသေနိုင်ပေမယ် တစ်ချို့ စက္ကူပုံးတွေမှာ ပစ္စည်းအမာတွေ ပါတယ် ထိမိခိုက်မိရင် ဒီကောင်လေးပဲနာမှာလေ ပြောချင်ပေမယ့် ကောင်လေးရဲ့ အပြစ်ကင်းတဲ့ မျက်နှာလေးကြောင့် မပြောဖြစ်တော့ပေ"
အခုမှ နှစ်ယောက်လုံး သတိထားမိကြသည်က ဂိုထောင်ရဲ့ အပြင်ဖက်ဆီမှာတော့ စက္ကူပုံးတွေပြုတ်ကျသံတွေကြောင့်
စက်ရုံထဲ ကအလုပ်သမား တစ်ချို့ ရောက်ပြီး ဝိုင်းကြည့်နေ ကြသည် တစ်ချို့လူတွေက ဘာဖြစ်တာလဲ ဆိုတဲ့အကြည့်တွေနှင့် တစ်ချို့ကတော့ ကဲ့ရဲ့ ချင်တဲ့ အကြည်တွေနှင့် ကြည့်နေကြသည်
ကျွန်တော်တော့ အငွေ့ပြန်ပြီးထွက် ပြေးချင် စိတ်ပေါက် သွားတယ် ဘေးနားက တစ်ယောက်ကိုလည်း မကြည့်ရဲ့ တော့ပေ ကိုယ့်ကြောင့် သူ့ပါ အပြောခံရ တော့မည် ထင်ပါတယ် စိတ်ထဲကတော့ တောင်ပန်းမိပါတယ် နောက်ဘယ်တော့မှ မဆုံးတွေ့ပါစေနှင့်လို့ ကျန်ကျန့် နဲ့ဆုံတဲ့သူတိုင်းကို ကံဆိုးမှု တွေပဲရစေတဲ့သူပါလို့
ကျန်ကျန့် ပြေးထွက် သွားတာကိုပဲ လှမ်းကြည့်ရင်း ကျန်ရစ် ခဲ့တော့သည်
ကျန်ကျန့် ဆုတောင်း ပြည့်မပြည့်ဆိုတာတော့ ကံကြမ္မာက အသိဆုံး ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်
----------------------------------------------------------

နှလုံးသားရပ်ဝန်းမှ ညှို့မျက်ဝန်းတစ်စုံ(Complete) Where stories live. Discover now