နှလုံးသားရပ်ဝန်းမှ ညှို့မျက်ဝန်းတစ်စုံ(U+Z)

4.2K 298 4
                                    

အပိုင်း(9)

သူ့တို့ အခြေအတင် ဖြစ်နေတုန်းမှာ ဧည့်သည်များလည်း နှုတ်ဆက်ပြီး ထွက်ခွာသွားတယ် အခန်းထဲက အခြေအနေ ကတော့ ရေခဲမှတ်ထက်တောင် ပိုချင်နေပြီ ဒီအခြေ အနေကို ထိန်းလိုက်သလို ဖြစ်သွား တံခါးချက်ကလေး ရှပ်ကနဲ့ ဖွင့်သွားပြီး လေးလေး ဝင်လာတယ်

"ဘာဖြစ်တာလဲ"

အကြောင်းစုံ သိပြီးတဲ့ နောက်မှာတော့

"မင်းတို့ သွားကြတော့ နောက်ဆို သူဋ္ဌေးကိုတော့ ရိုသေကြပါ အထူးသဖြင့် ဧည့်သည်ရှိနေတဲ့ အချိန်လို့မျိုးပေါ့"

"ဟုတ်ကဲ့ နောက်တစ်ကြိမ် ဒီလို ပုံစံ မဖြစ်ဘူးဆိုရင် တော့ပေါ့...ကျွန်တော်တို့ကို သွားခွင့်ပြုပါ"

"ရပြီး... သွားတော့"

ထွက်သွားမှ

ဖိန်ဖိန့် တစ်ယောက် ဒေါသတွေ အရမ်းထွက် နေလေတယ်

"လေးလေးဘာဖြစ်လို့ လွယ်လွယ်နဲ့ သွားခွင့်ပြုရတာလဲ လေးလေး အရမ်းပါတာ များနေပြီနော်"

"ဝင်ပါတာ မဟုတ်ဘူး အခြေအနေကို ထိန်လိုက်တာ ပြီးတော အဲ့ဒီကောင်လေးကို လွယ်လွယ်နဲ့ အလုပ်ထုပ်လို့ မရဘူး"

"ဘာဖြစ်လို့မရတာလဲ သမီးကသူဋ္ဌေးပဲလေ အလုပ်သမား တစ်ယောက်ကို ဖြုတ်တာပဲလေ ဘာမှမဖြစ်ပါဘူး"

"တခြားသူဆိုရင် ရမယ် သူကမရဘူး ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံခြားက ကိုယ်စလှယ် တွေရွေးထားတဲ့သူ နိုင်ငံခြားသား တွေက သူကိုအရမ်း ကြိုက်ကြတာ သူကိုဒီထက် မြင့်တဲ့ ရာထူးပေးချင်တာ သူက လက်မခံဘူးလေ"

အဲဒီတော့မှ ငြိမ်သွားတော့တယ်

"အဲ့တာကြောင့် အတင့်ရဲနေတာ လူပါးဝတာ"

Wang group လက်အောက်ခံ ကုမ္ပဏီ တနည်းအားဖြင့် Wang ကုမ္ပဏီမှာ အရေးကြီးတာဝန်ပိုင်းကို ခံအပ်တဲ့ လူရွေးတဲ့ အချိန်တွေဆိုရင် နိုင်ငံခြားကိုယ်စလှယ် အပါအဝင် ဘုတ်အဖွဲ့ဝင် (7)ယောက်က ဝန်ထမ်းများကို ရွေးချယ်ကြပြီး ခန့်အပ်ကြရတယ် (7)ယောက်အနက် နိုင်ငံခြားက ကိုယ်စလှယ်က အဖွဲ့ဝင် (4)ယောက်ပါပြီး ကျန်တာတော့ တရုတ်နိုင်ငံက ရှယ်ယာရှင်နှင့် သူဋ္ဌေး(သို့မဟုတ်) သူဋ္ဌေးရဲ့ ကိုယ်စလှယ်ပါဝင်တယ်

နှလုံးသားရပ်ဝန်းမှ ညှို့မျက်ဝန်းတစ်စုံ(Complete) Where stories live. Discover now