နှလုံးသားရပ်ဝန်းမှ ညှို့မျက်ဝန်းတစ်စုံ(U+Z)

3.7K 244 6
                                    

အပိုင်း(18)

"ကျန်ကျန့် ကိုယ့်မျက်နှာကိုကြည့် မင်းက ကိုယ့်ကို ချစ်ပါ တယ်လို့ ပြောကြည့်လိုက် ဒုက္ခတွေအားလုံးကို ကိုယ့်ပခုံး ပြောင်းပြီးယူပေးမယ် မင်းကကိုယ့်ရဲ့ နောက်ကနေ လိုက်ခဲ့ ကိုယ့်ရှိနေ သရွေ့ မင်းဘာမှ မထိခိုက် စေရသလို့ မင်း ထွက်သွားရင်တောင် ကိုယ့်ကမင်းဆီကို လာခဲ့မယ် ကိုယ့်ကို ယုံကြည်ပေးပါ"

"ဟုတ်... ကျန်ကျန့် Yibo ကိုယုံတယ် အကုန်လုံးထက် တောင်ယုံကြည့်တယ်"

"ကိုယ့်ကို ချစ်တယ်လို့ မဖြေရဲရင် ကိုယ့်မေးတာကို ခေါင်းငြိမ့် ပေးနော် ဒါပေမဲ့ အမှန်အတိုင်းဖြေပေး ကိုယ်ကို အားနာဖို့ မလိုဘူးနော်

"ဟုတ်..."

"မင်းကိုယ်ကို လမ်းပေါ်မှာနေတဲ့ သူမို့ ကိုယ့်ကို ရွေးချယ်ရမှာ ကြောက်နေတာလား"

"မဟုတ်ပါဘူး..."

"ကျန်ချန်းကို ချစ်သေးလား"

"ကျန်ကျန့်အပေါ် ကျန်ချန်းက အရမ်းကောင်းခဲ့တယ် ငယ် ကတည်းက အတူတူကျောင်းတတ်ကျ ဆော့ကြဆိုတော့ ချစ်မိတာလား သံယောဇဉ် ဖြစ်တာလား မခွဲတက်ဘူး Yibo ကို ကျတော့ ယုံကြည်တယ် အားကိုးတယ် ဝမ်းနည်းချိန်တိုင်း လည်း သတိရတယ် ကျန်ကျန့်ကြောင့် တစ်ခုခုဖြစ်သွားမှာ စိုးရိမ်တယ် Yibo နဲ့နေရင် လုံခြုံတယ်လို့ ခံစားရတယ် ကျန်ကျန့် ဒီလိုပြောလို့ စိတ်မဆိုးပါနဲ့နော်"

"ဒါဆို ကိုယ့်ကို ချစ်လာနိုင်ပြီးပေါ့ ဝမ်းသာလိုက်တာ "

အမှန်တိုင်း စိတ်ထဲမှာရှိတဲ့ အတိုင်းပြောရရင် ယုန်လေးက ကျန်ချန်းကို ချစ်ပါသေးတယ် လို့ ပြောရင်တောင် ကျွန်တော် က ပြန်လွှတ်ဖို့ အစီစဥ်မရှိဘူး အခုတော့ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်မှန်ကန်တယ်လို့ ပြောလို့ရတယ် ယုန်လေးကို အရမ်းချစ်တဲ့ ခံစားချက်ကြောင့်ပဲပေါ့

"ကိုယ့်မင်းကို ပေးစရာရှိတယ် ခဏလေး"

သူ့ယုန်လေး အန္တရာယ်တွေအမြဲတမ်း ကြုံနေလို့ ကံကောင်း စေတဲ့ အဆောင် သဘောမျိုးနဲ့ လက်ဆောင် ပေးချင်တာပါ

နှလုံးသားရပ်ဝန်းမှ ညှို့မျက်ဝန်းတစ်စုံ(Complete) Where stories live. Discover now