အပိုင်း (34)
"လာ....မောင်လေး သွားရအောင်....."
"ဟုတ်ကဲ..... အန်တီ ကျွန်တော်ခဏလောက် လိုက်သွားမယ် နော်....yibo ဖုန်းဆက်မှ ပြောပေးနော်.... အပြင်ခဏသွား တယ် ဆိုပြီးနော်"
" သား စောစော ပြန်လာခဲ့နော်......"
"ဟုတ်....အန်တီ"
သူတို့ နှစ်ယောက်ပြောနေတာကို စိတ်ထဲကနေ တစ်သက်လုံး ပြန်လာတော့ မှာမဟုတ်ဘူး ဒါနောက်ဆုံးတွေ့ခြင်းပဲ...... မျက်နှာကို မဲ့လိုက်တယ်...အလားကား မိဘမရှိတဲ့ ကောင်လေးမျိုးကို ဘယ်သူက အဖက်လုပ်မှာလဲ......
"မောင်လေး သွားရအောင် နောက်ကျနေပြီ...... "
"ဟုတ်ကဲ့... "
သူမမောင်းသူနေရာမှာ ထိုင်လိုက်တော့
"အမ ကျွန်တော်မောင်း ပေးမယ်လေ....."
"ရတယ်....မောင်လေး..... နေမကောင်းတဲ့ ပုံပဲ မှေးပြီး လိုက်ခဲ့....အမပဲ မောင်းလိုက်မယ်....."
အမှန်တော့ ပြောမယ်သာပြောတာ တကယ် မောင်ခိုင်ရင် သူမမောင်းနိုင်ပေ... ခေါင်းတွေက ပြန်ကိုက်လာတယ် အဖျားပြန်တက်ချင်တာလားမသိ..... ဖြစ်နိုင်ရင် သူ အိပ်ရာထဲ မှာ ကွေးချင်မိတယ်......
ဘေးနားကကောင်လေး ကြည့်ရသည်မှာ အခြေအနေ သိပ်မ ကောင်းမှန်းသိတော့ သူမ ဝမ်းသားသွားတယ်..... ဒါဆို သူမအတွက်အဆင်ပြေသွားတယ်......ဒီကောင်လေး ဖျားနေမှန်သိတော့ အဲယားကွန်းကို တင်ထားလိုက်ချင် ဖြစ်သည်..... အဖျားတက်လာအောင် ရည်ရွယ်ပြီး လုပ် လိုက်တာ..... အားနာတက်တဲ့ ကောင်လေးကတော့ အေးတာကို ငြိမ်ပြီးခံနေတယ်........
"ရော့....မောင်လေးဖျားနေတာလား....ဒီဆေးလေးသောက် လိုက်နော်"
ပေးတဲ့ ဆေးကို ယူသောက်လိုက်မိတယ် ခေါင်းက ထိုးကိုက် လာတယ်......ဆေးသောက်ပြီး နောက်မှတော့ သူအသိ လွတ်သွားလေသည်.....
ရှောင်ကျန့်ကို ကြည့်ပြီး မဲ့ပြုံးတစ်ချက်ဖြင့်......
![](https://img.wattpad.com/cover/246065348-288-k8349.jpg)
YOU ARE READING
နှလုံးသားရပ်ဝန်းမှ ညှို့မျက်ဝန်းတစ်စုံ(Complete)
Fanfictionနာကျင်မှုတွေကိုအဖော်ပြုပြီးနေတဲ့ ယုန်ဖြူကလေးကို ချစ်မိတာအပြစ်တစ်ခုလား အပြစ်တစ်ခုဆိုရင်ကိုယ်ခံယူဖို့ အသင်ပါပဲ Wang Yibo တစ်ယောက်ကိုချစ်မိပြီးတော့မှ နောက်ထပ်တစ်ယောက်ကို ထပ်ချစ်ဖို့ဆိုတာ နာကျင်နေတဲ့နှလုံးသားကို...