Part 7

2.2K 231 2
                                    

Jungkookတစ်ယောက်Taeဆီကနေအိမ်သို့ပြန်လာခဲ့သည်။...အိမ်ရောက်သည်နှင့် ခြံထဲတွင်တွေ့လိုက်ရသောနောက်ထပ်ကားတစ်စီး....သေချာတာကတောyoongiကားပင်ဖြစ်သည်။
Jungkookအိမ်ထဲသို့ဝင်လိုက်သည်နှင့်....ဧည့်ခန်းတွင်စကားပြောနေသောjiminနှင့်yoongiကိုမြင်လိုက်ရသည်။ဟင်း....yoongiရှေ့ကအအေးခွက်ကိုကြည့်ရတာ jiminဖျော်ပေးထားပုံပင်...
"Aeigoo. ....ဘယ်သူများလဲလို့.... yoongiပဲ....အင်း...မင်းလဲငါ့ယောက်ျားဆီခဏခဏလာနေသလိုပဲနော်...."
Jungkookတစ်ယောက်yoongiကို...ရိသဲ့သဲ့ဖြင့်စိန်ခေါ်စကားပြောလိုက်သည်။ yoongiလည်း သူ့ဘက်ကမှားနေတာဖြစ်လို့ဘာမှပြန်မပြောမိပေမဲ့ စိတ်ထဲတွင်တော့ အခဲမကျေပေ။
Jungkookလည်း....jiminဘေးနားလျောက်လာပြီး....jiminရဲ့ပခုံးကိုဖတ်လိုက်ရင်း
"ကိုယ့်ကိုရော....အအေးလေးဘာလေးဖျော်ပေးဖို့အစီစဥ်မရှိဘူးလား...ကိုယ့်ယောက်ျားလေးက အလိုက်မသိလိုက်တာကွာ.....ကိုယ်အပြင်ကပြန်လာတာမောတယ်လေကွာ...အမောပြေအနမ်းလေးဘာလေးရောမပေးချင်ဘူးလား ဟင်.."
Yoongiကိုကြည့်လိုက်ရင်း....မေးနေသည့်စကားကြောင့်...jiminဟာလည်းyoongiကိုအတော်ပင်အားနာနေရသည်။
"Jeon. ...ဘာ်လိုဖြစ်နေတာလဲ"
ဟုဆိုရင်းပင် မိမိပခုံးပေါ်တွင်တင်ထားသောjungkookလက်ကိုဖယ်နေမိသည်။သိုသော်လည်း.....သူ့အားကjungkookကိုဘာ်လိုမျှယှဥ်နိုင်မည်မဟုတ်ပေ....
မိမိကသာသူ့လက်ကိုဖယ်နေတာ သူကတော့တင်မြဲတင်ထားဆဲ....
အရှေ့က yoongiဟာလည်း...jungkookကိုပေါက်ထွက်မတတ်ကြည့်နေသလို....jungkookဟာလည်းyoongiကိုကြည့်ရင်း မျက်လုံးချင်းစစ်ထိုးနေသည်။
"Jeon. ....အအေးသောက်ချင်တယ်ဆိုhyungသွားဖျော်ပေးမယ်နော်...ခဏလေး...အွင်းးး"
မိမိမှာ ဒီအခြေနေကနေရှောင်ထွက်ဖို့အတွက် ပြင်လိုက်သော်လည်း....မိမိနှုတ်ခမ်းကိုရုတ်တရက်လာနမ်းလာသောjungkook. ....
Yoongiဟာလည်း....သူ့ရှေ့တွင်သူချစ်ရတဲ့jiminရဲ့နှုတ်ခမ်းကိုပယ်ပယ်နယ်နယ်နမ်းနေသောjungkookကြောင့်...ဒေါသတို့ဟာအထွတ်အထိတ်မှာပင်....
Jungkookဟာလည်း....yoongiကို..ရန်စချင်သောကြောင့် ဘေးနာကရှောင်ထွက်ဖို့အကြောင်းပြနေသော အကောင်ပေါက်လေးရဲ့နှုတ်ခမ်းကိုနမ်းလိုက်သော်လည်း....တကယ်တော့ သူကိုယ်တိုင်က အဲ့ဂျယ်လီလိုနှုတ်ခမ်းအိအိလေးမှာပျော်ဝင်နေမိသည်။
အချိန်အတော်ကြာ နမ်းပြီး အောက်ဆီဂျင်တို့လိုအပ်လာချိန်တွင်တော့...သူjiminရဲ့နှုတ်ခမ်းလုံးလုံးလေးကို မလွှတ်ချင်ဘဲလွှတ်လိုက်ရသည်။
Jiminဟာလည်း...jungkookနမ်းတာရပ်ဆဲသွားတာနဲ့တပြိုင်တည်း အအေးဖျော်မည်ဟုပြောကာ ထမင်းစားခန်းထဲသို့အမြန်ပြေးဝင်သွားသည်။
ဟုတ်ဟည်လေ....အခုချိန်သူအဲ့နေရာမှာသာဆက်ရှိနေမည်ဆို yoongiကိုလည်းပိုအားနာ jungkookကိုလည်းရှက် နှလုံးသားဟာလည်းပေါက်ထွက်မတတ်ခုန်နေတာကြောင့် အဆင်ပြေမည်မဟုတ်...
ရှက်ကိုးရှက်ကန်းနဲ့ပြေးဝင်သွားတဲ့jiminကြောင့် jungkook. ဟက် ခနဲ့တစ်ချက်ရီလိုက်မိသည်။
ပြီးမှyoongiကိုကြည့်လိုက်ရင်း
"Aww. ...ဧည့်သည်ရှိတာမေ့သွားတာပဲ...sorryနော်"
ဟု ခနဲ့ပြောပြောလိုက်သည်။
Yoongiဟာလည်း ထိုင်နေရာမှထကာ....
"မင်းလက်ထဲရှိတုန်းတော့ မင်းအလှည့်ပေါ်ကွာ နောက်မှနောင်တမရနဲ့....မင်းကိုချစ်နေတဲ့ Min hyungရဲ့အချစ်တွေကို ငါ့ဆီရောက်လာအောင်လုပ်ပြမယ်"
ဟုဆိုရင်းjungkookကို ဝင်တိုက်ကာထွက်သွားလေသည်။

Hold Me TightDonde viven las historias. Descúbrelo ahora