Part 8

2.1K 231 12
                                    

Jiminလည်းအပေါ်ထပ်ရှိအခန်းထဲအရောက်တွင်.....
သူဘာဖြစ်နေတာလဲ.....ဘာလို့ငါ့ကိုအဲ့လိုတွေပြောပြီး....လူကိုချုပ်ကိုင်နေတာလဲ....ငါကမင်းဆိုအရူးမူးဖြစ်နေတဲ့ကောင်ပါjeonရယ်.....မင်းအဲ့လိုပြုမူပြောဆိုတာတွေက ငါ့ကိုမျှော်လင့်ချက်တွေပေးနေသလိုပဲ......ငါကြောက်တယ်jeon. ...မျှော်လင့်ချက်တွေရလာပြီးမှပျောက်ဆုံးသွားမဲ့ခံစားချက်မျိုးကို.....
တကယ်တော့jiminဒီနေ့ပျော်ရွှင်ရပါသည်။သူအကြိမ်ကြိမ်မျှော်လင့်ခဲ့ဖူးတဲ့ jeonရဲ့နှုတ်ခမ်းလေးကိုလက်ထပ်ပွဲပြီးထဲက နောက်တစ်ကြိမ်ရဖို့မျှော်လင့်ခဲ့တာ.....
ဒါပေမဲ့လည်း....ကိုယ်ဟာသူတို့နှစ်ယောက်အတ္တကြားကနယ်ရုပ်လေးဖြစ်နေတာကို....တွေးမိတိုင်းအပျော်တွေဟာပျောက်ဆုံးကုန်ရသည်။.....ဒါပေမဲ့လည်း......ငါမျှော်လင့်လို့တော့ရသေးတယ်မလားjeon....
ဒီညဟာလည်းjiminအတွက်တော့ အတွေးပေါင်းများစွာကိုစဥ်းစားခန်းဝင်ရင်းနဲ့ပဲ  ကုန်ဆုံးရပြန်တော့သည်။

လွန်ခဲ့တဲ့နှစ်ပတ်လောက်ကဖြစ်ပျက်ခဲ့သော..... အဖြစ်အပျက်များကြောင့်yoongiတစ်ယောက်jiminဆီမသွားတော့ပေ....
အင်း....သူjiminကိုစိတ်မချပေမဲ့လည်း....jiminကjungkookရဲ့တရားဝင်ယောက်ျားဖြစ်နေတဲ့အပြင် jiminကိုယ်တိုင်ကလည်းjungkookကိုလိုလိုလားလားချစ်ပြီး အရာရာနားလည်လက်ခံပေးနေတာကြောင့်.....သူjiminကိုခဏရှောင်နေမိသည်။...jiminလည်းသူ့ကိုအားနာနေမည်ဟုလည်းထင်မိတာကြောင့်လည်းပါသည်။
သို့သော်လည်း....ဒါဟာခဏတာရှောင်ခြင်းပါ
သေချာတာတစ်ခုကတော့ သူjiminကိုလုံးဝလက်လွှတ်မည်မဟုတ်ပေ။.....

Jungkookတစ်ယောက်အလုပ်သွားချိန်တွင်....jiminဟာတစ်ယောက်ထဲအိမ်မှာကျန်ခဲ့ရသည်။
တခါတလေ သူ့ကိုယ်သူနားမလည်နိုင်ပေ....
ဒီလောကကြီးထဲမှာယောက်ျားလေးအဖြစ်ကံကောင်းစွာမွေးဖွားလာပေမဲ့......သူဟာတစ်ခြားယောက်ျားလေးတွေထက်နူးညံ့သူဖြစ်ပြီး....သူ့ရုပ်ရည်ဟာလည်းမိန်းကလေးတွေထက်တောင်လှပလွန်းနေသည်။....တခြားယောက်ျားလေးများလို့.....အရွယ်ရောက်ရင်မိန်းမယူ....အလုပ်တွေလုပ်နေရတဲ့ဘဝလည်းမဟုတ်.....
ငယ်ငယ်ထဲက အဖေနဲ့အမေက ပိုးမွေးသလိုမွေးပြီး ရွှေဥလိုဥထားတာမို့.....တခြားယောက်ျားလေးများလိုအကြမ်းပတမ်းမဆော့ခဲ့ရ....
တခါတ​ေလသူ့ကိုယ်သူလည်းပျော့ညံ့လွန်းလို့မုန်းမိပါသည်။
အဆိုးဆုံးကတော့....သူ့မှာမွေးရာပါသားအိမ်ပါလာသည့်ကိစ္စပင်.....အမေကတော့ အဲ့လိုမျိုးဖြစ်တာ ကောင်းတယ်..... မြင့်မြတ်တယ်လို့ပြောနေပေမဲ့....သူမိဘတွေကိုအားနာရပါသည်။....ဘာလို့ဆို သူ့လိုသားယောက်ျားလေးမွေးထားပေမဲ့ ဘာမှအားကိုးမရလို့ စိတ်မကောင်းဖြစ်မိသည်။
သူ့ရဲ့အဲ့ကိစ္စကြောင့် သူမိဘတွေက ဘာမှအမှားမခံဘဲ   အရာရာမှာတင်းကျပ်ထားခြင်းဖြစ်သည်။
မိမိရဲ့ဘဝအကြောင်းတွေးနေရင်း.....jiminသတိရသွားသည်က.....
ငါ့မှာမွေးရာပါသားအိမ်ပါတာ.....jeonမသိဘူးပဲ....ဟုတ်တယ် အဲ့ကိစ္စကိုငါသူ့ကိုတစ်ခါမှမပြောဖူးသလို  သူလည်းမမေးခဲ့ဖူးဘူး....
ငါ..ငါjeonနဲ့ကလေးယူလိုက်ရင်ကောင်းမလား.....ဟုတ်တယ်....ငါjeonနဲ့ကလေးယူရမယ်....အဲ့တာမှခြောက်လပြည့်ရင် ကလေးမျက်နှာနဲ့jeonအနားက ထွက်သွားစရာမလိုမှာ....အနည်းဆုံးတော့ ကလေးသံယောဇဥ်နဲ့...သူ့အနားကထွက်မသွားရမှာလေ....ဟုတ်ပြီ....ငါjeonနဲ့ကလေးယူရမယ်....
Jiminဟာ အချစ်အတွက် မိုက်ရူးရဲဆန်စွာတွေးနေမိသည်....
သူ့ဘဝဟာ jeonဆီမှာနစ်မြုပ်သထက် နစ်မြုပ်နေလေပြီ....

Hold Me TightWhere stories live. Discover now