part 14

2.1K 208 4
                                    

ရက်သတ္တပတ်အချို့ကုန်လွန်ပြီးချိန်တွင်တော့ jiminရဲ့ဗိုက်လေးဟာ အနည်းငယ်ထွက်လာလေပြီ.....
ထို့အလျောက် jungkookရဲ့shirtအကျီတို့ဟာလည်း jimin စိတ်ကြိုက်ယူ၀တ်ခြင်းခံရလေပြီ.....jungkookကတော့ သူ့အကျီကိုယူ၀တ်လည်းဘာမှမပြောတော့ပေ။...သူသာအရစ်တတ်ပြီးပြောရင် ရစ်စိန်က သူ့ထက်ဆယ်ဆမက ရစ်တော့မည်ကို သိခြင်းကြောင့်ပင်။

Jungkookတစ်ယောက် အလုပ်မသွားခင်....ရစ်စိန်jiminအတွက်....မနက်စာပြင်ပေးနေရသည်။ jungkookကတော့ အလုပ်သွားရန် ၀တ်စုံအပြည့်ဖြင့် မီးဖိုဂျောင်တွင် အလုပ်ရှုပ်နေသော်လည်း jiminကတော့ အပေါ်ထပ်အခန်းထဲကပင်ထွက်မလာသေးပေ။

အပေါ်ထပ်ရှိအိပ်ခန်းထဲတွင်တော့....jiminတစ်ယောက် jungkookအကျီဗီဒိုထဲရှိ အကျီများကိုမွှေနေလေသည်။ jungkook မနက်စာပြင်ပြီးသည်နှင့် အပေါ်ထပ်သို့တတ်လာပြီး အိပ်ခန်းတံခါးကိုဖွင့်လိုက်သည်နှင့် ဟာကနဲပင်ဖြစ်သွားရသည်။...ဖြစ်မှာပေါ့ မနေ့ကလေးတင် သူ့အ၀တ်တွေရှင်းထားရတာ အခုအခန်းတစ်ခုလုံး အ၀တ်တွေက ဟိာတစ်စ ဒီတစ်စနဲ့ ပြန့်ကျဲနေပြန်တာမို့ ဒီတစ်ခါတော့ jiminကို သူဆူမှရတော့မည်။

Jungkook အခန်းတံခါးဖွင့်၀င်လာသည်ကို မြင်သည်နှင့် မှန်ရှေ့တွင် အ၀တ်တစ်ထည်ပြီး တစ်ထည် စိတ်တိုင်းကျကပ်ကြည့်နေသောjiminတစ်ယောက် နည်းနည်းတော့ လန့်သွားရသည်။
သူအမှားလုပ်ထားတာ သူသိသည်ပေါ့။jiminသူ့ကိုယ်သူလည်း တစ်ခါတစ်လေ နားမလည်နိုင်ပေ။ အခုနောက်ပိုင်း jungkookအပေါ် အရမ်းအနိုင်ကျင့်ချင်လာသည်။jungkookကလည်း သူ့ကိုအလိုလိုက်တော့ ပိုဆိုးသည်။ ဒါပေမဲ့ အခုတော့ jungkookကိုကြည့်ရတာ ဒေါသထွက်နေပုံမို့ သူအဆူခံရတော့မည်ဆိုတာ သိသည်။အဲ့တာကြောင့် အဆူခံရရင် သက်သာအောင် မျက်ရည်များကိုသာ ညှစ်ထုတ်ရန်ကြိုးပမ်းလိုက်သည်။

"Jeon Jimin ဘယ်လိုတွေလုပ်နေတာလဲ အခန်းတစ်ခုလုံးလဲရှုပ်ပွနေပြီ စိတ်ရှုပ်လိုက်တာဗျာ"
အစကတော့ jiminတစ်ယောက် အဆူခံသက်သာအောင် ဟန်ဆောင်ငိုမည်လုပ်ပေမဲ့ jungkookရဲ့ စိတ်ရှုပ်တယ်ဆိုတဲ့ စကားကြောင့် မျက်ရည်များက အလိုလိုကျလာရသည်။ jungkookလည်း သူကိုယ်တိုင်ပြောလိုက်ပြီးမှ စကားမှားမှန်းသိလိုက်ရသည်။ သူပြောချင်တာ အဲ့လိုjiminကို ငိုစေဖို့ ရည်ရွယ်တာမဟုတ်ဘဲ သာမာန်သာပြောလိုက်သည်ကိုတော့ သူကိုယ်တိုင်သိပါသည်။ ဒါပေမဲ့ jimin အတွက်တော့တော်တော် စိတ်မကောင်းဖြစ်စေမည်ကိုတော့ နားလည်ပါသည်။ ဘာလို့ဆို jiminက အစထဲက ယောက်ျားလေးတစ်ယောက်အနေနဲ့ မွေးလာပေမဲ့ မိန်းကလေးတစ်ယောက်လို နေထိုင်ခဲ့ရပြီး သူ့မိဘတွေပတွက်စိတ်မကောင်းဖြစ်ကာ အမြဲအားငယ်နေရပြီး အခုလို ကိုယ်၀န်ဆောင်ချိန် ပိုစိတ်ထိခိုက်လွယ်သည်။
"ငါ....ငါ အပြင်မှာ အကျီသွား၀ယ်လိုက်ပါမယ်
Jeonရဲ့အကျီတွေကို ယူ၀တ်တာကလေ ငါ့အကျီငါ၀တ်ရတာ ဗိုက်ကကျပ်နေလို့...ဟို jeonအကျီတွေက‌ကြတော့ ‌၀တ်လိုက်ရင် နေရထိုင်ရသက်သာလို့ပါ...ပြီးတော့ ပြီးတော့လေ jeonရဲ့အကျီတွေကို ၀တ်ရင် လုံခြုံတယ်လို့ ခံစားရလို့ပါ။အကယ်လို့ jeonမကြိုက်ရင် ငါ အကျီသွား၀ယ်ပြီး ၀တ်လိုက်ပါ့မယ်..."
မျက်ရည် တစမ်းစမ်းနဲ့ ပြန်လည်ပြောလာသောjimin...
အဲ့လိုမျိုးတွေပြောပြီး မျက်ရည်များကျနေသော jiminကို jungkookက ဘယ်လိုလုပ်ပြီးဆူရတော့မည်နည်း။
"မဟုတ်ဘူး ရတယ် ကျွန်တော့်အကျီတွေကို ယူ၀တ်လို့ရတယ် သွားလည်း၀ယ်မနေနဲ့....အောက်မှာ မနက်စာပြင်ထားတယ် သွားစား‌နေ..ကျွန်တော် ဒါတွေပြန်ရှင်းမလို့"
"နောက်တစ်ခါ hyungအကျီတွေကို မဖွတော့ဘူးနော် ကတိပေးတယ် ....တကယ်တော့လေ jeonရဲ့ ကလေးလေးကလေ jeonရဲ့ကိုယ်ငွေ့ကို သဘောကျလို့နေမှာ သိလား...အဲ့တာကြောင့်စိတ်မဆိုးနဲ့နော် ....နောက်တစ်ခါမဖွတော့ဘူး"
မျက်ရည်တွေကို မြင်ထဲက စိတ်ဆိုးပြေနေတဲ့လူကို...အခုလို တီတီတာတာတွေလာပြောတော့ ဘယ်လိုများဖြစ်စေချင်နေလဲဗျာ....ဒူးပါထောက်စေချင်နေတာလားလို့...
"ဟုတ်ပါပြီဗျာ...အခုတော့ hyungဗိုက်ထဲက ကျွန်တော့်ကလေးလေးရော hyungကျန်းမာရေးအတွက်ပါ အောက်ထပ်မှာ ကျွန်တော်ပြင်ပေးထားတဲ့ မနက်စာကိုသွားစားလိုက်နော် .....ကျွန်တော် အလုပ်နောက်ကျမှာဆိုးလို့ ဒါတွေမြန်မြန်ရှင်းလိုက်အုံးမယ်နော်"
Jungkookလည်း jiminကို မနက်စာစားဖို့ချောမော့ပြောလိုက်ပြီး အကျီတွေရှင်းဖို့ပြင်လိုက်သည်။ဒါ့အပြင် ကိုယ်၀န်ရမှ သွက်လက်နေသော ရစ်စိန်ကို လှေကားကိုသတိထားဆင်းရန် လှမ်းသတိပေးလိုက်ရသေးသည်။

Hold Me TightWhere stories live. Discover now