ကံကြမ္မာ ဖန်အိပ်မက် ...
အခန်း(၁၈)
ထင်ထားသည့်အတိုင်း ရွှေမိသားစုသင်တန်းကျောင်းမှ အကဆရာဖြစ်သူ လက်ျာနှင့် ရှေ့မျက်နှာနောက်ထားကာ မင်းသမီးငှားလိုသည့်အကြောင်းကို ရန်ပြေငြိမ်း စကားပြောခဲ့ရသည် ။ မတ္တရာနေအိမ်တွင် တစ်ယောက်ထဲထားခဲ့သည့်အတွက် လက်ျာ စိတ်ဆိုးနေမည်ဟု ထင်မှတ်ထားခဲ့သော်လည်း လက်တွေ့တွင် ထိုသို့မဟုတ် ။ လွန်ခဲ့သောနှစ်များကထက်ပို၍ ယဉ်ကျေးသိမ်မွေ့ကာ နွေးထွေးလာသည် ။ ယခင်က ခင်ဗျ ၊ ဗျ ဟူသော စကားလုံးများကို တစ်ခါမှမသုံးသောသူက ယနေ့တွင် ထိုစကားလုံးများကို ထပ်ကာထပ်ကာသုံးသွားသည် ။
" လက်ျာ .... မင်းပိုပြီးနွေးထွေးလာတာလား ... ဒါမှမဟုတ် ဝေးကွာသွားတာလား "
🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀
ရန်ပြေငြိမ်းတစ်ယောက် မင်းသမီးငှား ၊ အကတိုက်နှင့် တစ်နေကုန် အလုပ်ရှုပ်နေသည် ။ ယခုကရမည့်ပွဲမှာ သာမာန်ပွဲမဟုတ် ။ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး၏ အကြီးအကဲများအရှေ့တွင် ကပြဖျော်ဖြေရမည့်ပွဲဖြစ်သည် ။ ထို့ကြောင့် တတ်နိုင်သမျှ အမှားနည်းစေရန် တစ်ဖွဲ့လုံးအား စီမံကွပ်ကဲနေရသည် ။ အခြားနေရာများတွင် မပါရသေးသော မင်းသားအချို့ကိုလဲ ဤပွဲတွင် ပွဲထုတ်ရန်စိတ်ကူးထားသောကြောင့် ထိုမင်းသားများနှင့် အတူလေ့ကျင့်ရင်း နေ့တိုင်းညမိုးချုပ်မှ အိမ်ပြန်ရောက်သည် ။
ခင်နှောင်းကလဲ အိမ်တွင်ရှိသည်ထက် မရှိသည်ကပိုများနေသောကြောင့် အိမ်သို့ စောစောပြန်ရောက်ခြင်း မရောက်ခြင်းက ပြသနာမဟုတ် ။
ယနေ့လဲ ပွဲထုတ်မည့်မင်းသားများနှင့် အတူတွဲလေ့ကျင့်ပြီး ညနေမိုးချုပ်မှ အိမ်သို့ပြန်လာခဲ့လိုက်သည် ။
သို့သော် ....
ယနေ့တွင် ခင်နှောင်းက ထူးထူးဆန်းဆန်း အိမ်တွင်ရှိနေသည် ။ ရန်ပြေငြိမ်း အိမ်ထဲဝင်လာသည်ကိုမြင်သည်နှင့် ပြေးလာကာ ဆီးကြိုသည် ။ ရန်ပြေငြိမ်းလဲ ခင်နှောင်းထံမှ ထိုကဲ့သို့ နွေးထွေးမှုများမရသည်မှာ ကြာပြီဖြစ်သောကြောင့် အပျော်ကြီးပျော်နေမိသည် ။
YOU ARE READING
ကံၾကမၼာ ဖန္အိပ္မက္ / ကံကြမ္မာ ဖန်အိပ်မက် (17)
Historical Fictionကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။ ကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။
