ကံကြမ္မာ ဖန်အိပ်မက် ...
အခန်း(၃၈)
ရန်ပြေငြိမ်း အခန်းထဲမှထွက်သွားသောအခါမှ လက်ျာ မထနိုင်သော်လည်း ကြိုးစားထကာ ရေချိုးခန်းထဲသို့ ပြေးရသည် ။ စားထားသည်မှာ ဆယ့်ငါးမိနစ်ပင်မရှိသေးသော ဆန်ပြုတ်တို့က အကုန်ပြန်အန်ထွက်လာသည် ။ နာခြင်းနှင့် ဗိုက်အောင့်ခြင်း ဝေဒနာနှစ်မျိုးပေါင်းစပ်ကာ ခေါင်းထဲတွင် မူးရိပ်ရိပ်ဖြစ်လာသဖြင့်အုတ်ကန်ကိုမှီကာ ရေချိုးခန်းကြမ်းပြင်တွင် ငုတ်တုတ်ထိုင်ချလိုက်သည် ။ ထိုစဉ်
" အစ်ကို "
ဟု ခေါ်သံနှင့်အတူ သန်းလင်းက ရေချိုးခန်းအဝတွင် ပေါ်လာသဖြင့် သန်းလင်းအား လှမ်းကြည့်လိုက်သည် ။ သန်းလင်းက လက်ျာထံသို့ ခြေလှမ်းကြဲကြီးများဖြင့်လျှောက်လာပြီး
" အဆင်ပြေလား အစ်ကို "
ဟု မေးသည် ။ သန်းလင်း၏မေးခွန်းကို လက်ျာ ပြန်မဖြေရသေးခင်မှာပင် ဒုတိယအကြိမ်အဖြစ် ပျို့တက်လာပြီး သွေးစအချို့က အန်ထွက်လာသည် ။ သန်းလင်းက လက်ျာ၏ကျောကုန်းကို ခပ်ဖွဖွပုတ်ပေးကာ
" အန်ချင်သေးလား အစ်ကို .... မအန်တော့ရင် အထဲဝင်ရအောင် အအေးမိမယ် "
ဟု ပြောသဖြင့် လက်ျာ မတ်တပ်ထရပ်လိုက်သည် ။
🎄 🎄 🎄 🎄 🎄 🎄 🎄 🎄 🎄 🎄 🎄 🎄 🎄 🎄
ယခုရက်ပိုင်းအတွင်း ရန်ပြေငြိမ်းက သိသိသာသာခြေလှမ်းပျက်လာသဖြင့် ခင်နှောင်း စတင်၍ စိုးရိမ်စပြုလာသည် ။ ယခင်က မည်သည့်အလုပ်ကိစ္စရှိသည်ဖြစ်စေ အိမ်သို့ရောက်အောင်ပြန်လာတတ်သော ရန်ပြေငြိမ်းက ညဘက်ပြန်မလာသည့်ရက်များရှိလာသည် ။ ညဘက်ပြန်မလာသည်ကို နားလည်ပေးနိုင်သော်လည်း တစ်ခါတစ်ရံ တစ်နေကုန်အိမ်သို့ပြန်မလာပဲနေသည်ကိုမူ နားမလည်နိုင်တော့ ။ တစ်နေကုန်ပြန်မလာသည်မှ တဆင့်တက်ကာ အချို့ရက်များတွင် တစ်ရက်လုံးပျောက်နေပြီး ညနေစောင်းမှ ပြန်ရောက်လာသည် ။ မနေ့ကမူ မနက်ကတည်းကအပြင်ထွက်သွားပြီး ယနေ့ , နေ့လည်အထိ ပြန်ရောက်မလာသောကြောင့် ရန်ပြေငြိမ်းအား စိုးရိမ်နေမိသည် ။
YOU ARE READING
ကံၾကမၼာ ဖန္အိပ္မက္ / ကံကြမ္မာ ဖန်အိပ်မက် (17)
Historical Fictionကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။ ကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။
