ကံကြမ္မာ ဖန်အိပ်မက် ...
အခန်း(၂၅)
" ဖေဖေ့ကိုမိတ်ဆက်ပေးအုံးမယ် .... ဒါက ကျွန်တော်ပြောတဲ့ အဖိုးတို့လင်မယားလေ .... ဒါက အစ်ကိုခင်ဇော် "
လက်ျာ ဖေဖေနှင့်စကားပြောပြီးနောက် ခင်ဇော်နှင့်အတူထိုင်နေသော အဖိုးတို့လင်မယားဘက်သို့လှည့်ကြည့်ကာ ဖေဖေ့အား ပြောလိုက်ခြင်းဖြစ်သည် ။ ထိုအခါ ဖေဖေက ပြုံးကာ
" ကျွန်တော့်ရဲ့ သားဆိုးလေးကို တကယ့်သွေးသားလိုစောင့်ရှောက်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ် "
ဟု ပြောသည် ။ ဖေဖေ့စကားထဲတွင် သားဆိုးဟူသော ဝေါဟာရပါသွားသောကြောင့် လက်ျာ ဖေဖေ့ကို ပေစောင်းစောင်းဖြင့်ကြည့်လိုက်ကာ
" ဖေဖေကလဲ .... လူကြီးတွေရှေ့မှာ ကျွန်တော့်ကိုအရှက်ခွဲပြန်ပြီ "
ဟု ပြောလိုက်သည် ။ ဖေဖေက လက်ျာ၏စကားကို ပြန်မတုံ့ပြန်ပဲ ခွင့်လွှတ်သည့်အပြုံးပြုံးသည် ။ ထို့ကြောင့် လက်ျာကပင်
" သြော် .... ပြီးတော့ ဖေဖေ .... အဖိုးတို့က သားအိမ်မှာတည်းမှာ "
ဟု ပြောလိုက်သည် ။ ဖေဖေက
" ကောင်းပါပြီဗျာ .... ကိုယ်တော်လေး အဆင်ပြေသလိုသာစီမံတော်မူပါ "
ဟု စသဖြင့် လက်ျာ
" ဒါဆိုသွားကြရအောင် "
ဟူ၍ ပြောလိုက်သည် ။
🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻
အကသင်တန်းနှင့်တွဲဖက်၍ ဆောက်လုပ်ထားသော လက်ျာတို့အိမ်သည် ကျယ်သင့်သလောက်ကျယ်၍ တော်သေးသည်ဟုဆိုရမည် ။ လက်ျာအခန်းအပြင် ဖေဖေက ရန်ကုန်သို့ ရံဖန်ရံခါလာလေ့ရှိသဖြင့် ဖေဖေ့အတွက်အခန်းလဲရှိသည် ။ မူလကအိမ်ကို အကသင်တန်း ဘေးမှထပ်ထည့်လိုက်ခြင်းဖြစ်သောကြောင့် ဧည့်သည်အတွက် အခန်းလဲရှိသည် ။ သန်းလင်း နှင့် သန်းထွန်း က ခြံထဲရှိ ကားဂိုထောင်အပေါ်ထပ်တွင်အိပ်ကြသောကြောင့် အဆင်ပြေသည် ။
အိမ်သို့ပြန်ရောက်သည်နှင့် လက်ျာ လူကြီးများကို ရေမိုးချိုး ကိုယ်လက်သန့်စင်စေပြီး သန်းလင်းနှင့်အတူ ဧည့်သည်အခန်းကိုရှင်းကာ အဖိုးတို့လင်မယားအတွက် လိုအပ်သည်များကိုပြင်ဆင်ပေးသည် ။
ESTÁS LEYENDO
ကံၾကမၼာ ဖန္အိပ္မက္ / ကံကြမ္မာ ဖန်အိပ်မက် (17)
Ficción históricaကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။ ကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။
