၃၃

20.5K 2.7K 44
                                    

(Unicode)

အင်းယားလမ်းထဲရှိ ဆိုင်တစ်ဆိုင်ဆိုင်တွင် စဝ်စံဦးသာ ထိုင်နေပါသည်။ သူ၏ အရှေ့တွင်တော့ ခွန်နှောင်း၏ သင်တန်းဆရာမ တစ်ဖြစ်လဲ နန်းစောမွန်ခိုင်။

အချိန်သည်ကား ခွန်နှောင်းက သူနှင့် နန်းစောမွန်ခိုင်ကို မိတ်ဆက်ပေးပြီး တစ်ပတ်အကြာ။ တွေ့ရသည့်အကြောင်းအရာသည်ကား မိဘများက ကြင်ဖော်တွေ့ခိုင်းသဖြင့်။

"ရေစက်ကတော်တော်ဆန်းတာပဲနော်"

နန်းစောမွန်ခိုင်က ရှေ့တွင်ချထားသော ရေခွက်ကို လှမ်းယူကာ ရေသောက်ပြီးနောက် ပြောရှာသည်။

"မေမေပြောတုန်းက ဒီတိုင်းလေးလေးနက်နက် မဟုတ်လောက်ဘူးထင်တာ"

"ကျွန်တော့်မယ်မယ်ကတော့ လေးလေးနက်နက်ဖြစ်နေတယ် ခင်ဗျ"

"အဲ့ဒါဆိုရင်တော့ ဒုက္ခပါပဲ"

အဆိုပါမိန်းကလေးက ရယ်၍သာ ဆက်ပြောရှာသည် ..။

"ဒါနဲ့ ရှင်နဲ့ ခွန်နှောင်းက"

"စီနီယာ ဂျူနီယာပါ"

"ဘာလို့ ကျွန်မက တစ်မျိုးထင်နေရပါလိမ့်"

ကြင်ဖက်တွေ့နေကြသည်နှင့်မတူပဲ ရှေးဟောင်းနှောင်းဖြစ် ထိုင်ပြောနေကြသည့် သူငယ်ချင်းများနှယ်။

"ဘယ်လိုတစ်မျိုးများလဲ"

"ဒီလိုပါပဲ၊ ဒါနဲ့ ရှင့်ဘက်က ကျွန်မကို မကြိုက်ဘူးမလား"

" ... "

"ပြီးတော့ ရှင် မေတ္တာရှိနေတာက သျှန်ခွန်နှောင်း"

"သိလှချည်လားဗျ"

အမှန်တော့ သူ့စိတ်သူပင်မသေချာသေးပါ။ လှစ်ကနဲပြောထွက်သွားသော စကားသည် နန်းစောမွန်ခိုင်၏ ယုံကြည်မှုလွန်ကဲခြင်းကို လေးစားလွန်း၍သာ။

"အဲ့တော့ ဒီကိစ္စကို ရှင်ဘယ်လိုလုပ်မယ်စိတ်ကူးလဲ၊ ရှင့်အိမ်က အဆင်ပြေမယ်မထင်ဘူး"

"အဲ့လောက်အထိတော့ မနန်းစောဘက်က ထည့်တွက်စရာမလိုဘူးထင်ပါတယ်၊ အခုကိစ္စက ကျွန်တော်နဲ့ မနန်းစောကိစ္စ"

"ရှင်နဲ့ ကျွန်မ ဘာကိစ္စမှမရှိချင်ပါဘူး၊ ကျွန်မက asexual ဖြစ်နေတာလို့ထင်တယ်"

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now