Part💫1💫

532 39 14
                                    

( စတင်ခြင်း.. ?? )

" သားလင်းခေတ်ရေ မထသေးဘူးလား ကျောင်းနောက်ကျတော့မှာဘဲ "

" အင်း....ထပြီ မေမေ "

ဟုတ်ပါတယ် အခုဆိုရင်တော့ကျွန်တော်က ၉တန်းတက်ရမှာပေါ့ ဒီနေ့ကကျောင်းပတမဆုံး
ဖွင့်တဲ့နေလေ။နောက်မှကျွန်တော့်အကြောင်းသေချာ
ရှင်းပြတော့မယ်။အခုတော့ကျောင်းသွားဖို့ ပြင်ဆင်ရအုန်းမယ်။

" အဲ့တာဆိုလဲ မေမေအောက်မှာမနက်စာပြင်ထားတယ် စားသွားအုန်း မေမေကတော့ဆိုင်ခင်းလိုက်အုန်းမယ် "

" ဟုတ်မေမေ "

ကျွန်တော်တို့မိသားစုမှာ ဖေဖေကသဘောင်္သား ဆိုတော့
တခါတလေ မှသာအိမ်ကိုပြန်လာတာပေါ့။ငွေကြေးအလုံအလောက်ရှိသော်လဲ မေမေကအိမ်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားသေးသည်။
ကုန်စုံဆိုင်လေးပေါ့ ပထမကဒီတိုင်းလေးဖွင့်ထားရကနေ
မိတ်တွေအများကြီးရလာပြီးဆိုင်ကအရမ်းရောင်းရတာပေါ့။
အခုတော့ကျောင်းသွားဖို့ပြင်ဆင်တော့မယ်။

********************************

စားသောက်ပြီးနောက် လင်းခေတ်ကျောင်းသို့သွားရန် ထွက်လာလိုက်သည်။ကျောင်းကသူငယ်တန်းကတည်းက
တက်သည့်ကျောင်းဖြစ်လို့ မေမေကလိုက်ပို့စရာမလိုပေ။

လင်းခေတ်ကျောင်းကိုပထမရက်တွင်တော့ လမ်းလျှောက်၍
သာထွက်ခဲ့သည်။ နောက်တစ်ရက်မှသာ ကျောင်းကားစဆီး
ပါတော့မည်လေ။

အော်..ဒါနဲ့ ကျွန်တော့် အကြောင်းသေချာ မမိတ်ဆက်ရသေးဘူးဆိုတော့ အခုသေချာ မိတ်ဆက်ပေးမယ်။ ကျွန်တော့်နာမည်က *လင်းခေတ်* အတန်းကတော့အပေါ်ကပြောခဲ့သလို ၉တန်းပေါ့ဗျာ။ကျွန်တော်တက်တဲ့ကျောင်းကနည်းနည်းတော့ထူးဆန်းတယ်
ဗျ။ဘာကြောင့်လဲဆိုတော့ LGBT School လို့ဘဲပြောရမလားဘဲ ကျွန်တော်ကျောင်းစတက်ကတည်း ကကျောင်းမှာ BL,GL အတွဲများသာတွေ့ရပြီး B to G
အတွဲမှာမူ အနည်းငယ်သာရှိသည်။ကျောင်းစတက်တာက
သူငယ်တန်းကတည်းက ဒီကျောင်းမှာတက်ခဲ့သည်လေ စစတက်ချင်းတော့ဒီလိုအရာတွေကိုနားမလည်းဘူးပေါ့။
၅တန်း၊၆တန်းလောက် ရောက်တဲ့အခါမှတော့ နားလည်သွားသည့်အပြင် ကိုယ့်ကိုယ်ကိုပါ Uke တစ်ယောက်ဟုသာ ခံယူထားသည်။ထိုသို့ခံယူထားသည့်
ကိုယ့်ရဲ့ဖြစ်တည်မှုကို၁လလောက်အကြာတွင်တော့ မေမေနှင့်ဖေဖေကို အသိပေးလိုက်သည်။မေမေနဲ့ဖေဖေ ကတော့မည်သို့မျှမဆိုချေ။ တခုတော့ပြောသည်က
" လူတိုင်းကကိုယ့်ဖြစ်တည်မှုနဲ့ကိုယ်ဘဲလေ ဒါပေမယ့်ကိုယ့်ဖြစ်တည်မှုက သဘာဝကိုလွန်ဆန် တဲ့ဖြစ်တည်မှုဆိုရင်တော့ ပတ်ဝန်းကျင်ကပြောဆို မှုတွေကိုလက်ခံနိုင်မှသာအဲ့အရာတွေကိုဆက်လုပ်ပါ " ဟုသာမေမေကပြောသည်။အခုကျောင်းတောင်ရောက်လာပြီ။

CRUSH LOVE💫Where stories live. Discover now