Part💫3💫

158 22 13
                                    

(အသေသတ်ပစ်ချင်သတ်လိုက် အရင်မhiနိုင်ဘူး..😎)

ညအချိန်ရောက်သောအခါ..

လင်းခေတ် တယောက်ညနေက ဂျူးဂျူး ပြောပြသော မင်းခန့်ပိုင် ၏ အကြောင်းများကို တွေးနေလေသည်။

ထို့နောက် ဖုန်းကိုယူကာ facebook ထဲသို့ဝင်လိုက်ကာ.. search ကိုနှိပ်လိုက်ပြီး Min Khant Paing ဆိုပြီး..ရိုက်
ရှာလိုက်သည်။ အကြာကြီး..မရှာလိုက်ရပါဘူး တွေ့လိုက်ရသည်။ Min Khant Paing (William) ဆိုတဲ့ နာမည်နဲ့..Profile ကိုခွေးတကောင်နှင့် အတူရိုက်
ထားသည့် ပုံတင်ထားသည်။ ထိုပုံကိုမြင်ပြီ လင်းခေတ် မှာမူ
ရင်ဘတ်ထဲ၌ ငလျင်လှုပ်သွားလေသည်။

ပြီးမှ ရင်ဘတ်ကိုအသာဖိကာ..

" ဟူး..add ရင်ကောင်းမလား မ add ရင်ကောင်းမလား "
ဟု စဉ်းစားမိလိုက်သည်။

စိတ်ကသာ တွေးနေသော်လဲ လက်မှာမူ Add Friend ဆို
သည့် နေရာလေးကို နှိပ်ပြီးလေပြီ..ထိုမှသာ

" ဟင်း..နှိပ်ပြီးသွားပြီဘဲ ထားလိုက်ပါတော့လေ အမယ်လေး
ရင်အခုန်လွန်ပြီး ဗိုက်တောင်ဆာသွားပြီ... မုန့်သွားယူလိုက်
မယ် ပြီးမှသူ့ Wall ထဲဝင်ကြည့်ရမယ် ဟီး... "

လင်းခေတ်လဲ အောက်သို့ မုန့်ယူရန်ဆင်းလာလိုက်သည်။ မုန့်ဆိုင်ဖွင့်ထားသည် ဖြစ်သည့်အလျောက် မုန့်ဆိုတာ သူ့အတွက် ပျက်သွားသည်ဆိုတာ မရှိ။

" ဟဲ့..သားဘာလာလုပ် "

" မုန့်လာယူတာ...မေမေရဲ့ "

" သကြားလုံး ဆိုရင်တော့ လာမတောင်းနဲ့နော်... မပေးဘူး "

" ဟာ မေမေကလဲ နှစ်လုံးဘဲလေနော်..နော် တခြားမုန့်လဲ စားမယ်လေ.. "

" တခြားမုန့်..ကြိုက်တာစား သကြားလုံးတော့ မပေးဘူးနော် ညဘက် ချွဲတွေ ကျပ်လိမ့်မယ်.. "

" ပြီးရော..တခြားမုန့်ဘဲ စားတော့မယ်.. "
ဆိုပြီး မုန့်တွေ တပွေ့တစ်ပိုက်ကြီးသယ်ကာ အိပ်ခန်းထဲသို့ ပြန်တက်လာလိုက်သည်။ အခန်းထဲရောက်တော့...

"ဟွန့်.. လင်းခေတ် ကိုဘာများမှတ်နေလဲ ရတဲ့နည်းနဲ့ သကြားလုံးခိုးလာရတာ... "

CRUSH LOVE💫Where stories live. Discover now