၃၆

20.3K 2.5K 24
                                    

(Unicode)

"နန်းစောကို မယ်မယ်ဘုရားက ကိုယ်နဲ့ သဘောတူထားတာ"

"အာ"

ကားတွင်းထဲရှိ လေထုက အေးစက်စက်။ Aircon ကြောင့် မှန်ကို အလုံပိတ်ထားရသဖြင့် rosemary အမွှေးရနံ့က ကားထဲ လှိုင်လှိုင်ထနေလေသည်။

"စိတ်ဆိုးသွားသလား သက်လည်"

"စိတ်ဆိုးစရာမှ မဟုတ်တာ၊ ဒီလိုပဲ ရေစက်တွေက ဖြတ်မရတဲ့အကြောင်း စဉ်းစားမိလို့"

"မျက်နှာက စိတ်ညစ်သွားတဲ့ပုံလေးနဲ့"

"မဟုတ်တာ၊ အဲ့တော့ မမနန်းစောက ဘာပြောလဲ"

အမှန်ပင် စိုးရိမ်စိတ်တို့က မျက်နှာနုနုကလေးကို လွှမ်းခြုံလိုက်သည်ဖြစ်၍ လန်းမနေနိုင်ပါ။ မမနန်းစောဘက်က ဘာပြန်ပြောမည်နည်း။ အကယ်၍ မမနန်းစောက သဘောတူကြည်ဖြူခဲ့လျှင်ရော သူဘာဆက်လုပ်ရမည်နည်း။

"နန်းစောက သူစိတ်မဝင်စားပါဘူးတဲ့၊ သူက asexual တဲ့"

"ဟမ် တကယ်?"

လန့်သွားရသည်။ မမနန်းစောက မည်သည့်လိင်မှ စိတ်မဝင်စားသူဆိုလျှင် သူတို့အဖြစ်ကရှင်းနေချေပြီ။ အတားအဆီးများက လုံးဝနီးနီးမရှိတော့။

"အင်း၊ သူ့အမေကိုပြောမယ်တဲ့၊ ခက်တာက မယ်မယ်ဘုရား"

"အင်း၊ သိတယ်လေ အဲ့ဒါကြောင့်စဉ်းစားနေတာ"

"ဘယ်လိုစဉ်းစားသတုန်း"

"ဒီတိုင်း တိတ်တိတ်ကလေး တွဲကြမလား တစ်သက်လုံးလေ"

တောင်းပန်တိုးလျှိုးသည့် မျက်နှာ ..
အသနား အယူခံဝင်သည့် မျက်လုံး ..
သျှန်ခွန်နှောင်းသည် လုပ်တတ်ပါပေ့။

"တစ်သက်လုံး တိတ်တိတ်ကလေးတွဲစရာလား၊ ခဏလောက်ဆိုတော်ပြီပေါ့၊ ကိုယ်လည်း ကိုယ့်အိမ်ကိုယ့်ရာနဲ့ဖြစ်ပြီး မယ်မယ်ဘုရားလောင်းရိပ်အောက်က ထွက်နိုင်တဲ့အခါ ကိုယ်တို့ လက်တွဲကြတာပေါ့"

အမျိုးသားနှစ်ဦး ချစ်မြတ်နိုးခြင်းအမှုသည် မည်သည့်အတိုင်းအတာအထိ တာသွားနိုင်သည်ကို စိတ်မဝင်စား။ ရှေ့လျှောက်တွင် တစ်ဦးနှင့်တစ်ဦး အားနာစရာမလိုသော ဆက်ဆံရေးမျိုး၊ တစ်ဦးနှင့်တစ်ဦး ထောက်ထားသမှု ပြုစရာမလိုသော ဆက်ဆံရေးမျိုးကိုသာ နှစ်ဦးသဘောတူ ဖန်တီးလိုကြပြန်သည်။

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now