Part-10(z+u)❗❗

2.1K 163 1
                                    

-Zawgyi -

Warning ပါသည်။

အရေးအသားရိုင်းသွားရင်တောင်းပန်
ပါရစေ

ဒီနေ့Minnie အလုပ်ပြန်ဆင်းပြီလေ
အရင်က စိတ်ကူးထားတဲ့ သူနဲ့ရည်းစား ဖြစ်ရင် ရေကန်ကြီးကို
ခေါ်သွားမယ်လို့ စိတ်ကူးလေးကို
အကောင် အထည်မဖော်ခင်

ကိုယ်နဲ့ပတ်သက်ပြီး သိထားသင့်တာ
လေးတွေ ပြောပြရမယ်

Minnie က အိပ်ရာခင်း လဲနေတာကြောင့် အခန်းထဲ ဝင်သွားပြီး
Minnie စောင်ခေါက်နေတဲ့အချိန်
နောက်ကနေ လက်ကလေးလျို ပြီး
ခါးလေးကို ဖက်လိုက်တယ်

"Kooki ခဏလေး ဖယ်အုံး အက်လို
လုပ်ထားရင် Minnieစောင်ခေါက်
လို့မရဘူး..."

"မရ မခေါက်နဲ့ကွာ..."

"အက်လို မဆိုးရဘူးလေ ဖယ်အုံးခဏ.."

မဖယ်ပေးပဲ ထပ်မံတင်းကြပ်စွာဖက်ပေးလိုက်တာ
သူနဲ့ကိုယ်နဲ့ကြားမှာ တိုးဖို့ကြံနေတဲ့
လေ လေးတွေတောင်သနားပါတယ်
တိုးမပေါက်ဘူး

"ဖယ်လို့ဆို...."

"မ...ဖယ်...ဘူး"
Minnie နား နားကို ကပ်ခါ တစ်လုံးချင်း
စီပြောပြလိုက်တယ်

"Kooki!. .."

နှုတ်ခမ်းထော်ကာ ကျွန်တော့်ဘက်ကို
လှည့်လာတယ်

"ဘာလဲ အသည်းယားအောင်လုပ်ပြ
နေတာလား.."
မျက်နှာလေးကို သေချာစိုက်ကြည့်ပြီး
မေးလိုက်တယ်

"ဘယ်သူက လုပ်လို့လဲ.."
မျက်လုံးပြူး မေးငေ့ကာ နှုတ်ခမ်း ကို
နှစ်တောင်လောက်ပစ်ပြီး ပြောလာတယ်

"ဒါပေါ့ ဒါ..ဒါ.."

ကျွန်တော် အသည်းယားပြီး စိတ်ရှိတိုင်း
ကုံးကိုက်လိုက်ရင် သူမနှုတ်ခမ်းပေါက်မှာဆိုးလို့ လက်နဲ့သာ
ညစ်ပြီး ပြောလိုက်တယ်

"ဘာဖြစ်တုန်း ဒီနှုတ်ခမ်းပဲ လာထိနေတယ်.. "
မျက်စောင်းတခဲခဲ နဲ့သာ

"ဟာ...ခင်ဗျားလေးက ချစ်ဖို့ကောင်း
နေတော့ ဟေ့ဒီကောင်ကြီး က စိတ်
ရှိ လက်ရှိ....ဟင်းဟင်း ဟင်း မပြော
ချင်ဘူးနော်..."

ခါးလေးဖက်ထားရင်း မောကြည့်ပြီး
ရန်တွေ့နေတဲ့ ကျွန်တော့် ရှေ့က အပုမ
လေးကို စ လိုက်မိတယ်

🥀As You Like🔥Where stories live. Discover now