part-14(z+u)

999 140 0
                                    


-Zawgyi -
.
.
ရေချိုးပြီ barth rodeလေးနဲ့ ထွက်လာတဲ့ ပိစိကို သဘောကျလို
စိုက်ကြည့်နေမိသည်။

"ဘာကြည့်တာလဲ..."

"ဟင်...Annyi ဒီအတိုင်းလှလို့ ဟီး
အဝတ်အစားလဲ လိုက်အုံး ပြီးရင်
ဒီမှာဆန်ပြုတ်လာသောက်လိုက်.."

"ဆန်ပြုတ်?..."
အနားကို လျှောက်သွားပြီး ဆန်ပြုတ်
ပန်ကန်ကို ကြည့်တော့

အင်း ဆန်ပြုတ်နဲ့တော့တူပါတယ်

ဇွန်းကိုင်ပြီး မြည်းကြည့်

"အင်း🤢.."
ရေချိုးခန်းထဲအတင်းပြေးရတယ်

"ဘာ....ဘာ..ဘာဖြစ်လို့လဲ..မကောင်း
ဘူး လားကိုယ် ပြန်ပြင်ပေးရမလား.."

နောက်ကနေပြေးလိုက်ပြီး မေးရသည်။

"ငန်တူးနေတာပဲ..."

"ငန်တယ်လား...အာ...ဆားနှစ်ခါပြန်
ထည့်မိလားမသိဘူး..."

"ဟုတ်မှာပေါ့ လူကိုသွေးတိုးပြီး
သေစေချင်နေတာ ဟွန်း.."

"ဟေ့ဟေ့ စိတ်တော်တော့ကောက်
တော်မမူလိုက်ပါနဲ့...ကျွန်တော်ပြန်
ပြင်ပေးပါ့မယ်..."

"မပြင်နဲ့ထား...ဆန်ပြုတ်သောက်ရ
အောင် Minnie က ဖျားနေတာမှမဟုတ်
တာ.."

"အားရှိစေချင်လို့..."

"ထားပါ...လာ...တခုခုစားလိုက်မယ်.."

လက်မောင်းက နေဆွဲခေါ်လာလိုက်သည်။

Kookiက စားဖို့သောက်ဖို့ အောက်ကို
သွားကြည့်မယ်ဆိုပြီး အဝတ်စားလဲဖို့
ရှောင်ပေးတာကြောင့် အဝတ်အစားလဲ
ပြုပြီး အောက်ထပ်သို့ဆင်းလိုက်သည်။

အောက်ထပ်က ဧည့်ခန်းတွင် မိသားစု
တွေအားလုံးစုနေရာက Minnieလာတော့ အကုန်လုံး တစ်ယောက် တစ်နေရာဆီ ထွက်သွားကြသည်။

မိသားစုကိစ္စမို့ Minnie က တစိမ်းသူဆိုတော့ မသိစေချင်ဘူး
အထင်နဲ့ အပေါ်ပြန်တက်ဖို့ပြင်လိုက်
သည်။

"Minnie!. ."
Kooki သံကြားလို့ သူရှိရာကို ကြည့်
လိုက်ပြီး

"ဟင်..."

"လာလေ..မနက်စာစားပြီး ဆေးသောက်ရအောင်.."

"အင်းခဏ...Minnie အပေါ်မှာ ဖုန်း
ကျန်ခဲ့လို့ သွားယူလိုက်အုံးမယ်..."

🥀As You Like🔥Where stories live. Discover now